Saturday, October 13, 2012

အမေရိကန်နိုင်ငံ၌ အခြေချနေထိုင်လိုသူများ DV 2014 ကံစမ်းနိုင်

အမေရိကန်နိုင်ငံ၌ အခြေချ နေထိုင်လိုသူများအတွက် DV 2014 ဗီဇာကံစမ်းမဲနှင့် ပတ်သက်၍ သိသင့်သော အချက်များကို အမေရိကန် ကောင်စစ်ဝန် Mr.Andrew Webster Main က ရန်ကုန်မြို့ အင်းစိန်မြို့နယ် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၌ အောက်တိုဘာ ၉ ရက်က ရှင်းလင်းပြောကြားခဲ့သည်။ အမေရိကန်နိုင်ငံသည် ပြည်ဝင်ခွင့် လူဦးရေနည်းသည့် နိုင်ငံဖြစ်သည်။ ဗီဇာကံစမ်းမဲကို နိုင်ငံတိုင်းက လျှောက်ထားခွင့် မရပေ။ ယခု ပြည်ဝင်ခွင့်ရသည့် နိုင်ငံများတွင် မြန်မာနိုင်ငံလည်း ပါဝင်သဖြင့် ပါဝင်လျှောက်ထားနိုင်ခြင်း ဖြစ်သည်။ ကွန်ပျူတာစနစ်နှင့် မဲဖွင့်ပေးမည်ဖြစ်ပြီး အောင်သည့်သူများ ပြည်ဝင်ခွင့်ရရှိမည်ဟု ဆိုသည်။ ဗီဇာအောင်သူသည် သတ်မှတ်အရည်အချင်းများနှင့် ပြည့်မီရမည် ဖြစ်သည်။ DV ဗီဇာ ကံစမ်းလိုသူများသည် www.dvlottery.state.gov ဝက်ဘ်ဆိုက်တွင် နိုဝင်ဘာ ၃ ရက်အထိ အခမဲ့ ဝင်ရောက် လျှောက်ထားနိုင်ကြောင်း ၂၀၁၂ ခုနှစ် အောက်တိုဘာ ၁၂ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။

No comments:

Post a Comment