Monday, October 15, 2012

ဒေါ်စုအမေရိကန်ခရီးစဉ်နဲ့အဝေးရောက်ပရိသတ်၊အင်န်အယ်ဒီနဲ့လှုပ်ရှားသူများကိစ္စဦးဝင်းတင်နဲ့ မေးခွန်းများ

အင်န်အယ်ဒီပါတီနဲ့ အတိုက်အခံခေါင်းဆောင် ဟံသာဝတီဦးဝင်းတင်နဲ့ မိုးမခမီဒီယာတို့ရဲ့ အင်တာဗျုးကဏ္ဍကို ရပ်နားခဲ့တာ ၁ လ ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ ဧည့်သည်များတဲ့ ဆရာကို တွေ့ဆုံစကားပြောခွင့်ရဖို့ ခက်ခဲသလို ဆရာကိုယ်တိုင်ကလည်း အချိန်ယူပြီး စကားပြောချင်တာကြောင့်မို့ ရက်ချိန်းများ အကြိမ်ကြိမ် ပြောင်းခဲ့ရတာလည်း ရှိပါတယ်။ တွေ့ဆုံခွင့်ရချိန်မှာ ဆရာ့ကျန်းမာရေးအခြေအနေကို မေးမြန်းရာမှာ ဆရာဝန်ကြီးများက ဆရာရဲ့ ကျန်းမာရေး ဆေးစစ်မှုတွေ လုပ်ဖို့ အကြိမ်ကြိမ် တောင်းဆိုထားတာကို ခုချိန်ထိ အချိန်ရွှေ့ဆိုင်းနေဆဲပဲ ဖြစ်တယ်လို့ ဆိုပါတယ်။ အဓိက ဆရာကိုယ်တိုင် စိတ်ဝင်စားတာကတော့ ပြည်ပရောက် မြန်မာတွေ၊ အဝေးရောက်အင်န်အယ်ဒီတွေနဲ့ ဒေသခံ မြန်မာ့အရေးလှုပ်ရှားသူတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ခရီးစဉ်ပဲ ဖြစ်ပါတယ်။ ဆရာနဲ့ အဲသည်ခေါင်းစဉ်ကိုပဲ မေးမြန်းခဲ့ပါတယ်။

မေး။ ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံခေါင်းဆောင်တဦးအနေနဲ့ အမေရိကန်ပြည်ထောင်စုကို ပထမဦးဆုံးအကြိမ် ခရီးစဉ်မှာ အမေရိကန်ပြည်က အစိုးရခေါင်းဆောင်တွေ၊ လွှတ်တော်အမတ်တွေ၊ အဖွဲ့အစည်းအသီးသီးက ခေါင်းဆောင်တွေ၊ ပညာရှင်တွေနဲ့ တွေ့ဆုံဆွေးနွေးတာတွေ၊ သဘောထားပြောတာတွေ နေ့စဉ်မပြတ်လုပ်ခဲ့တာကို တွေ့ရပါတယ်။ ပြီင်္းတော့ လက်ရှိမြန်မာအစိုးရ ခေါင်းဆောင် ဦးသိန်းစိန်နဲ့လည်း တွေ့ဆုံတယ်၊ အစိုးရကိုယ်စားလှယ်အဖွဲ့နဲ့လည်း ဆုံခဲ့ကြတာတွေ ရှိတယ်။ အဲဒါတွေနဲ့ ပတ်သက်ပြီး အင်န်အယ်ဒီပါတီနဲ့ လူထုပရိသတ်အပေါ်မှာ ဒေါ်စုက ဘယ်လိုသဘောထား ထုတ်ပြန်ချက် ရှင်းလင်းချက် ရှိပါသလဲ။

ဖြေ။ ။ ဒါတွေနဲ့ပတ်သက်ပြီး သုံးသပ်ချက်တွေ လုပ်ပါတယ်။ သတင်းစာရှင်းလင်းပွဲတွေ လုပ်ပါတယ်။ အမေရိကန်ုအစိုးရ၊ ပြီးတော့ ကုလသမဂ္ဂတို့ မြန်မာအစိုးရအဖွဲ့နဲ့ တွေ့ဆုံခဲ့တာနဲ့ ပတ်သက်ပြီး အသေးစိတ်ထုတ်ပြန်တာတော့ မရှိပါဘူး။ ယေဘူယျအားဖြင့်တော့ ပြောကြားတာတွေ ရှိပါတယ်။ ဒါတွေဟာ အစိုးရတွေ၊ ကုလသမဂ္ဂလို အဖွဲ့အစည်းတွေ၊ အခြားအဖွဲ့အစည်းတွေရဲ့ နောင်အနာဂတ်မှာ ဖြစ်ပေါ်လာမယ့် မြန်မာပြည်အပေါ်ထားရှိတဲ့ သဘောထား အပြောင်းအလဲတွေ၊ ဆက်ဆံရေးတွေ ရှိလာမလဲဆိုတာနဲ့ စောင့်ကြည့်ကြရမှာ ဖြစ်ပါတယ်။

မေး။ ။ ဒီမိုကရေစီအရေးတော်ပုံကာလ ၂၄ နှစ်ကျော်ကာလ၊ ဒေါ်စုရဲ့ အမေရိကန်ပြည်ထောင်စုခရီးစဉ်နဲ့ ပတ်သက်ပြီးတော့ပေါ့လေ ပြည်တွင်း ပြည်ပမှာ အတော်ကို ရိုက်ခတ်မှုတွေ၊ လှုပ်ရှားမှုတွေ ရှိတာကို တွေ့ရတယ်။ အဲသည် ၂၄ နှစ်ကာလတွင်းမှာ အမေရိကန်ပြည်တွင်းမှာ အထူးသဖြင့် မြန်မာတွေ အမြောက်အများ ပြောင်းရွှေ့နေထိုင်နေပြီ။ အင်န်အယ်ဒီပါတီက အချို့သော အမတ်တွေ၊ ခေါင်းဆောင်တွေ၊ ပါတီဝင်တွေလည်း ရှိနေကြတယ်။ မြန်မာ့အရေးလှုပ်ရှားသူ မြန်မာ့အဖွဲ့အစည်းတွေ၊ ဦးဆောင်သူတွေလည်း ပေါ်ထွန်းနေကြတဲ့ အချိန် ဖြစ်တယ်။ ဒ့ါအပြင် ပထမမျိုးဆက်တင် မဟုတ်တော့ဘူး၊ ဒုတိယမျိုးဆက်တွေ၊ တတိယမျိုးဆက် မြန်မာတွေတောင် ပေါက်ဖွားစည်ပင်နေတဲ့ အရပ်ဒေသတခု ဖြစ်နေတယ်။ အဲသည်ကို ဒေါ်အောင်ဆန်းစုကြည် လာရောက်လည်ပတ်တဲ့အတွက် အဝေးရောက် မြန်မာပရိသတ်နဲ့ တွေဆုံခွင့် ရကြတယ်။ ဒေါ်စုရဲ့ စင်မြင့်ပေါ်က ဟောပြောချက်တွေ၊ ဖြေကြားချက်တွေကို မြန်မာပရိသတ်က ကြားနာခွင့် ရကြတယ်။ ပြည်သူလူထုအနေနဲ့ ပရိသတ်တွေအဖြစ်နဲ့ အများကြီး အားရကျေနပ်မှု ရှိကြတယ်။ ၀မ်းမြောက်ဝမ်းသာ အားပေးထောက်ခံမှုတွေ ကြိုဆိုမှုတွေကိုလည်း ပြသနိုင်ခဲ့တယ်။ ဒါပေမယ့် … အဝေးရောက်နေတဲ့ အန်အယ်ဒီရဲ့ အင်အားတွေ၊ အစုအဖွဲ့တွေရဲ့ အခမ်းကဏ္ဍ၊ ပြည်ပက မြန်မာကွန်မြူနီတီနဲ့အတူ သူတို့တွေရဲ့ ၀င်ရောက်လက်တွဲဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး ဘယ်လိုမျိုး ထူးထူးခြားခြား ထင်ထင်ရှားရှား တွေ့ကြရတယ်လို့ ဆရာ့အနေနဲ့ တွေ့မိသလဲ။ ဆရာ့အနေနဲ့ ဘယ်လို မြင်သလဲ။ ကြားသလဲ။

ဖြေ။ ။ အဝေးရောက်နေတဲ့ ပါတီကလူတွေရဲ့ အနေအထားက လျော့ပါးသွားတယ်၊ ငြိမ်ကျသွားတယ်လို့ ပြောရမယ်။ တခြား ဝေးဝေးလံလံမကြည့်နဲ့ ထိုင်းကို ကြည့်ပါ။ ထိုင်းမှာရှိတဲ့ NLD-LA ဆိုတာ ပြည်ပမှာရှိတဲ့ အင်န်အယ်ဒီအဖွဲ့အစည်းများ အားလုံးရဲ့ မိခင်ဌာနပဲ။ သို့သော် ထိုင်းမှာရှိတဲ့ NLD အဖွဲ့ကိုယ်တိုင်က အပြောင်းအလဲတွေ အများကြီး ဖြစ်သွားတယ်။ ခေါင်းဆောင်တချို့က တခြားနိုင်ငံတွေကို ထွက်သွားတယ်။ အချို့တွေက ပြည်တွင်းကို ပြန်လာကြတယ်။ ထိုင်းမှာ ကျန်ခဲ့သူတွေလည်း ရှိတယ်။ အဲသည်မှာ ပြန်လည်ထူထောင်တာတွေ လုပ်နေကြရတယ်။ ဒါက ဘာအရင်းခံကြောင့်လဲလို့ ပြန်ကြည့်ရင် သူတို့တွေက တရားမ၀င်တဲ့ အဖွဲ့အစည်းတရပ်အဖြစ် ရပ်တည်ခဲ့ကြရတာဖြစ်တယ်။ လွတ်မြောက်နယ်မြေဆိုပြီးတော့ပေါ့။ ဆက်သွယ်လုပ်ကိုင်နေရတဲ့ အဖွဲ့အစည်းတွေကို ကြည့်ရင်လည်းပဲ တရားမ၀င်တဲ့ အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်လုပ်ကိုင်နေခဲ့ကြရတာ ဖြစ်တယ်။ အမေရိကားလို နေရာမျိုးကို ရောက်လာပြန်တော့လည်းပဲ အဲသည်က အဝေးရောက်အင်န်အယ်ဒီတွေ ဆက်သွယ်လုပ်ကိုင်ရတဲ့ အဖွဲ့အစည်းတွေ၊ လူတွေဆိုတာကလည်း စစ်အစိုးရဖက်ကကြည့်ရင် တရားဝင်မဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ အလုပ်တွေ ဖြစ်နေတယ်။ အဲသည်က ခေါင်းဆောင်တွေ၊ လှုပ်ရှားသူတွေရဲ့ အနေအထားတွေကို ကြည့်ပြန်တော့လည်း သူတို့တွေကိုယ်တိုင်ကလည်း ပုဂ္ဂိုလ်ရေးအရ ရပ်တည်လို့ရအောင်၊ လှုပ်ရှားလို့ရအောင် အခြားနိုင်ငံသားအဖြစ် ပြောင်းလဲရပ်တည်ရတာတွေ ရှိတယ်။ အခြားနိုင်ငံသားအဖြစ် မဟုတ်ပြန်ဘူးဆိုရင်လည်း သူများတိုင်းပြည်မှာ တရားမ၀င်နိုင်ငံခြားသားအဖြစ် ရပ်တည်နေတော့လည်း ရှုပ်ထွေးမှုတွေ ရှိပြန်တယ်။ ဒါကြောင့် အခုလိုအချိန်မျိုးတွေမှာ မြန်မာပြည်တွင်းမှာ အပြောင်းအလဲတွေ အများကြီး ပေါ်ပေါက်လာတဲ့အချိန်မှာ သူတို့တွေရဲ့ အနေအထားတွေ အခမ်းကဏ္ဍတွေဟာ လျော့နည်းသွားတယ်။ အားနည်းသွားတယ်လို့ ပြောချင်တယ်။

မေး။ ။ ဒါဆိုရင် ပြည်တွင်းက အင်န်အယ်ဒီပါတီကလည်း အဝေးရောက် မြန်မာတွေအပေါ်မှာ သဘောထားတွေ ထုတ်ပြန်ပေးသလိုမျိုး၊ အဝေးရောက်အင်န်အယ်ဒီတွေအပေါ်မှာ သဘောထားတစုံတရာ ပေးထားတာမျိုး မရှိဘူးလား ဆရာ။

ဖြေ။ ။ အမှန်အတိုင်းပြောရရင်တော့ ပြည်တွင်းက အင်န်အယ်ဒီပါတီအနေနဲ့က အဝေးရောက်ပါတီ အင်အားတွေနဲ့ ပတ်သက်ပြီး ရေရေရာရာ သဘောထားတခု မပေးနိုင်သေးဘူး။ ပုဂ္ဂိုလ်ရေး တဦးချင်း သဘောထားတွေ ပေးကြတာတော့ ရှိတယ်။ ဥပမာ ကျနော့်အနေနဲ့ အင်န်အယ်ဒီ အယ်လ်အေဆိုတာရဲ့ ရပ်တည်ချက်နဲ့ ပတ်သက်ပြီး ပြောထားတာမျိုး ရှိတယ်။ လွတ်မြောက်နယ်မြေ ဆိုတာကနေပြီး ပြည်ပမှာ တရားဝင်ရပ်တည်မှုတခုဖြစ်အောင် လုပ်ကြဖို့ စဉ်းစားကြဖို့ တိုက်တွန်းတာမျိုး ရှိခဲ့တယ်။ အမြဲတမ်း ပြည်ပမှာ တရားမ၀င်အဖွဲ့အစည်းတခုအနေနဲ့ ရပ်တည်တာမျိုးကနေ ပြောင်းလဲဖို့ လိုတယ်။ ရပ်တည်လာတဲ့အခါကျရင်လည်း ပြည်တွင်းက မိခင်အဖွဲ့အစည်းကို မပစ်ပယ်ဘဲနဲ့ ဘယ်လိုမျိုး ဆက်သွယ်မှာလဲ။ ပြည်ပက ပရိသတ်တွေ၊ အဖွဲ့အစည်းတွေနဲ့ အခြားကွန်ယက်တွေနဲ့ကော ဘယ်လိုမျိုး ဆက်ဆံရေး ထူထောင်မှာလဲ။ ဒါတွေ စဉ်းစားကြဖို့ လိုတယ်ဆိုတာမျိုး ပြောခဲ့ဖူးတယ်။ ဒီအဖွဲ့တွေဟာ ပြည်တွင်းက မြို့နယ် ကျေးလက် ရုံးခွဲတွေ၊ ပါတီဌာနခွဲတွေလိုမျိုး အသိအမှတ်ပြုတာမျိုး မဟုတ်တဲ့ သီးခြား လက္ခဏာတွေ၊ ဦးဆောင်မှုတွေ၊ ရပ်တည်မှုတွေကို ဘယ်လို သဘောထားမလဲ။ ဘယ်လို လုပ်ကြမလဲ။ မိခင်ပါတီအနေနဲ့ သဘောထားက မပြတ်သေးဘူး။ ဒီအချက်တွေ အရင်းခံကြောင့်မို့လို့ အမေရိကန်ပြည်ထောင်စုကို ဒေါ်အောင်ဆန်းစုကြည် လာရောက်လည်ပတ်တဲ့ ခရီးစဉ်မှာ အဝေးရောက်နေတဲ့ အင်န်အယ်ဒီတွေဟာ ရောက်တဲ့ နေရာတွေကနေ ဖုတ်ဖက်ခါပြီး ထလာကြတယ်၊ လူထုပရိသတ်နဲ့ လက်တွဲပြီး လှုပ်ရှားကြတယ်။ သို့သော်လည်း အမောက်ထောင်ပြီး ပြနိုင်တာမျိုးတွေ၊ ခွပ်ဒေါင်းလို ကနိုင်တာမျိုးတွေ မရှိတဲ့အရပ်တွေလည်း ရှိမှာပဲဆိုတာ ကျနော့်အနေနဲ့ လက်ခံပါတယ်။ နားလည်ပါတယ်။

မေး။ ။ အခုဒေါ်စုခရီးစဉ်မှာ အဝေးရောက်အင်န်အယ်ဒီအင်အားတွေ စုစည်းမိကြတယ်၊ လက်တွဲမိကြတယ် ဆိုခဲ့ရင် ခုချိန်ကတည်းက စပြီးတော့ သူတို့တတွေဟာ စုဖွဲ့မှုတွေ၊ လှုပ်ရှားမှုတွေ၊ သဘောထားတွေတော့ ထွက်ပေါ်သင့်တာပေါ့နော် ဆရာ။

ဖြေ။ ။မြန်မာပြည်ပြင်ပက တိုင်းပြည်တိုင်းမှာ နေရာတိုင်းမှာရှိနေတဲ့ အင်န်အယ်ဒီအင်အားတွေလို့ ကိုယ့်ကိုယ်ကိုခံယူထားတဲ့သူတွေက ကိုယ့်ကိုယ်ပြန်ပြီး သုံးသပ်ရမှာ ဖြစ်တယ်။ ငါတို့တွေက အခွင့်အခါအကြောင်းသင့်မှ နိုးထလာတာမျိုး မဖြစ်သင့်ဘူး။ ငါတို့တွေဟာ ရောက်ရာ ကျရာနေရာတွေမှာ အမြဲတမ်း ရှင်သန်နေဖို့အတွက် ပုံမှန်လုပ်ငန်းတွေ လုပ်ကိုင်နေဖို့အတွက် သီးခြားရပ်တည်မှု သီးခြား သဘောထားတွေ ရှိဖို့လိုတယ်ဆိုတာကို အခု ဒေါ်စုရဲ့ ခရီးစဉ်ကနေပြီးတော့ သုံးသပ်ဆင်ခြင်လို့ ရတယ်။ အဲသည် သင်ခန်းစာရတယ်လို့ ပြောချင်ပါတယ်။ ပြီးတော့လည်း ပြည်တွင်းမှာ ရှိနေတဲ့ မိခင်ပါတီတရပ်အနေနဲ့လည်း သီးခြားအသွင်သဏ္ဍန်ဆောင်ပြီး စဉ်းစားရမယ့် လုပ်ငန်းတရပ်၊ တာဝန်တရပ် ဖြစ်စေတယ်လို့လည်း ပြောချင်ပါတယ်။

မေး။ ။ နောက်တခုကတော့ ဒေါ်စုရဲ့ အမေရိကန်ခရီးစဉ်မှာ ၀ိုင်းဝန်းကြတဲ့ မြန်မာတိုင်းရင်းသားမိသားစုတွေထဲမှာ မြန်မာ့အရေးလုပ်ဆောင်နေတဲ့ အစုအဖွဲ့တွေ အများအပြားတွေ့ရတယ်။ ဒေါ်အောင်ဆန်းစုကြည် လာရောက်တဲ့ အထင်ကရ မြို့နယ်တွေဖြစ်တဲ့ ၀ါရှင်တန်ဒီစီ၊ နယူးယောက်၊ ကင်တာကီ လူဝီဗီးလ်၊ ဖို့ဝိန်း၊ ဆန်ဖရန်၊ အယ်လ်အေ စတဲ့ မြို့နယ်တွေပေါ့လေ။ အဲသည်က မြန်မာ့အရေးလှုပ်ရှားနေကြတဲ့ ဒေသခံ အစုအဖွဲ့တွေနဲ့ ပတ်သက်ပြီးတော့ ဆရာဘယ်လို မြင်တွေ့ရသလဲ။

ဖြေ။ ။ ဒါကလည်း တနွယ်ငင် တစင်ပါ ဖြစ်ရမယ့် အကြောင်းကိစ္စပါပဲ။ အဝေးရောက် အင်န်အယ်ဒီတွေဟာ ပြည်ပမှာ ရပ်တည်နေကြတယ်ဆိုရင် သူတို့ဖာသာ သူတို့ သီးခြားရပ်တည်နေကြတာ မဟုတ်ဘူး။ ပြည်ပမှာရှိနေတဲ့ ဒေသခံ မြန်မာကွန်မြူနီတီတွေ၊ အသင်းအဖွဲ့တွေ၊ အခြားတိုင်းရင်းသားအစုအဖွဲ့တွေ၊ နိုင်ငံရေးအင်အားစုတွေ၊ သာရေး နာရေးအဖွဲ့တွေ၊ အမေရိကန်အဖွဲ့တွေနဲ့ ဆက်ဆံရေး ရှိနေတာမျိုး၊ ဆက်စပ်မှုတွေ ရှိနေတာမျိုး ရှိရလိမ့်မယ် ထင်တယ်လေ။ ဒါကလည်း မိခင်ပါတီက စေခိုင်းလိုက်လို့ ပြန်ကြားရေးတို့ ဆက်သွယ်ရေးရုံးဖွင့်ထားတာမျိုးလည်း မဟုတ်ရဘူး။ ဆက်သွယ်ရေးရုံးထောင်တာ မဟုတ်သော်လည်းဘဲ ပြည်တွင်းမှာရှိတဲ့ မိခင်ပါတီရဲ့ သဘောထားတွေ၊ လှုပ်ရှားမှုတွေက တနည်းတဖုံ ထင်ဟပ်နေတဲ့ ဆက်စပ်ပေးနေတဲ့ လှုပ်ရှားမှု၊ ရှင်သန်မှုတွေကိုတော့ ဖော်ဆောင်နေလိမ့်မယ်လို့ ထင်တယ်။ အကြောင်းပေါင်းစုံလို့ ထလာပြီး ဝေယျာဝစ္စလုပ်တဲ့ အစုအဖွဲ့မျိုးလိုတော့ မဖြစ်ရဘူးလို့ ပြောချင်တယ်။ အဲဒါကြောင့်မို့လို့ ကျနော်တို့တွေအနေနဲ့ကလည်း အဲသည်က ပြည်ပကမြို့နယ်တွေမှာ လက်ရှိ လုပ်ကိုင်နေကြတဲ့ မြန်မာ့အရေးလုပ်ဆောင်နေတဲ့ အစုအဖွဲ့တွေ၊ လူပုဂ္ဂိုလ်တွေနဲ့ လက်တွဲပြီး ဆောင်ရွက်မှုတွေလည်း ရှိကြဖို့လိုတယ်ဆိုတာကို အလေးအနက်သဘောထားပါတယ်။

မေး။ ။ ဆိုတော့ ဆရာတို့အနေနဲ့က ပြည်ပက အဝေးရောက်မြန်မာအသိုင်းအ၀ိုင်းတွေကို အလေးအနက်ထားတယ်။ ဆက်စပ်မှုတွေ၊ ပတ်သက်မှုတွေ ရှိဖို့လိုတယ်လို့လည်း သဘောထားတယ်။ ဒါကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်က စင်မြင့်တွေပေါ်ကနေ လူထုပရိသတ်ကို ဟောပြောတယ်၊ မေးခွန်းတွေ ဖြေရှင်းတယ်။ အဲသည်လိုမျိုးပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ပါလာတဲ့ အင်န်အယ်ဒီပါတီက တာဝန်ရှိသူတွေကကော မြန်မာကွန်မြူနီတီက လှုပ်ရှားသူတွေနဲ့ အခါအခွင့်သင့်သလို တွေ့ဆုံ ဆွေးနွေးတာမျိုးတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်သင့်တယ်လို့ မထင်ဘူးလား။ ဥပမာအားဖြင့် တချိန်တည်း အမေရိကားကို ရောက်လာတဲ့ ဦးသိန်းစိန်နဲ့ အခြားဝန်ကြီးတွေနဲ့ အစိုးရကိုယ်စားလှယ်အဖွဲ့ဟာ အဝေးရောက် မြန်မာအစုအဖွဲ့တွေနဲ့ တွေ့ဆုံဖို့ ကြိုးစားတယ်။ တွေ့ဆုံပြီး ရှင်းလင်းပြောဆို စည်းရုံးတာတွေ လုပ်တယ်။ သူတို့ဆိုရင် မီဒီယာသမားတွေ၊ ကွန်မြူနီတီက ဦးဆောင်သူတွေကို ဆက်သွယ်ပြီး တွေ့ဆုံပွဲတွေ လုပ်ခိုင်းတယ်။ အဲလိုလုပ်ပြီး မြန်မာတွေနဲ့ တွေ့ဆုံတဲ့ မှတ်တမ်းတွေ ကျနော်တို့ အများကြီး တွေ့ရတယ်။ အဲဒါကိုကော ဆရာ ဘာပြောချင်သလဲ။

ဖြေ။ ။ ကျနော် မီဒီယာတွေမှာ ကြည့်တဲ့အခါမှာ သမ္မတဦးသိန်းစိန်အဖွဲ့က သက်ဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ဝင်တွေ အများအပြားပါလာတာကို တွေ့ရတယ်။ သူတို့ထဲက ၀န်ကြီးဦးစိုးသိန်းတို့ ပြောတာ ဆိုတာတွေဆိုရင် အတော်ကို အာသွက် လျာသွက်ပြောတဲ့ စကားတွေ ပါတယ်။ သူတို့မှာ အစိုးရရဲ့ စာရိတ်စကနဲ့ လာတာ ဖြစ်တယ်။ သူတို့ကို ကြိုတင်ပြင်ဆင်ဖိတ်ခေါ်ထားတာတွေ ရှိတယ်။ ဒေါ်စုတို့အဖွဲ့ဆိုရင် နိုင်ငံခြားက ဖိတ်တယ်ဆိုတိုင်းလည်း လူတွေ အများကြီးနဲ့ သွားနိုင်တဲ့ အနေအထား မရှိပါဘူး။ သူ့အပြင် တာဝန်ရှိသူ လူ ၂ ယောက် ၃၊ ၄ ယောက် လောက်ပဲ ပါလာနိုင်တဲ့ အပိုင်းတွေ ရှိတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေ့စဉ် ခရီးစဉ်အတွက် ပြင်ဆင်ပေးရတာတွေ၊ မီဒီယာဘာညာတွေအတွက် လုပ်ကိုင်ပြင်ဆင်ပေးရတာတွေနဲ့ အလုပ်တွေ များနေတာမျိုးတွေ ဖြစ်နိုင်တယ်။ သူတို့မလုပ်နိုင်ဘူး ဆိုတာထက် သူတို့လုပ်နိုင်ဖို့ အင်အားနဲ့ အခြေအနေ ရှိမရှိကိုလည်း ထည့်တွက်စေချင်တယ်။ ဒေါ်စုကလည်း အစိုးရအဖွဲ့ခေါင်းဆောင် အနေနဲ့ လာတယ်ဆိုရင်တော့ တမျိုးတဖုံ ဖြစ်နိုင်ပါတယ်။ သို့သော်လည်းပဲ အခုမေးခွန်းမှာ ပြောသလိုပေါ့လေ … ပါတီကနေ အတူပါလာတဲ့ တာဝန်ခံတွေဟာ ဖြစ်နိုင်ရင်တော့ ခေါင်းဆောင်အတွက် တာဝန်တွေ ထမ်းဆောင်တာအပြင် ရောက်ရှိတဲ့ နေရာဒေသက လူတွေ၊ အစုအဖွဲ့တွေနဲ့ တွေ့ဆုံ ဆွေးနွေး ရှင်းလင်းတာတွေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်ကို ပိုမို ကျယ်ပြန့် ထိရောက်အောင် ဆွဲဆန့်ပေးနိုင်တဲ့ လက်တံတွေအဖြစ်နဲ့ လုပ်ပေးနိုင်ရင် ပိုပြီး ကောင်းမယ်ဆိုတာကို လက်ခံပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့်လည်း အကျိုးပိုဖြစ်ဖို့ ရှိတယ်လို့လည်း ပြောချင်ပါတယ်။ ဒီနေရာမှာ ကျနော့်အနေနဲ့ အလေးအနက် ထပ်ပြောချင်တာကတော့ အမေရိကန်မှာ ရှိတဲ့ ဒေသခံ မြန်မာအသိုင်းအ၀ိုင်းထဲက ခေါင်းဆောင်တွေ၊ ပညာရေး၊ စီးပွားရေး၊ စာပေ၊ အနုပညာ၊ နိုင်ငံရေး၊ ဘာသာရေး စတဲ့ နယ်မြေအသီးသီးက ဒေသခံ ခေါင်းဆောင်တွေ၊ ဦးဆောင်သူတွေ၊ လှုပ်ရှားနေသူတွေ အများကြီး ရှိနေတယ် ဆိုတာ ကျနော်တို့ သိပါတယ်။ သူတို့တွေမှာ ကျနော်တို့နဲ့ ပတ်သက်ပြီး ပြောဆို ဆွေးနွေး တင်ပြစရာတွေ ရှိနေမယ်ဆိုတာကိုလည်း သဘောပေါက်ပါတယ်။ ကြုံတောင့်ကြုံခဲ ရှားရှားပါးပါး လာရောက်တဲ့ အမေရိကန်ပြည် ဒေါ်စုခရီးစဉ်ဆိုတာက သည်လိုမျိုး အခွင့်အရေးမျိုး နောက်တကြိမ်ရဖို့ဆိုတာလည်း မလွယ်ဘူးဆိုတာလဲ မှန်ပါတယ်။ သည်တော့ ကျနော်အနေနဲ့ ပြောချင်တာက ဒါကိုလည်း ကျနော်တို့အနေနဲ့က သင်ခန်းစာယူပြီး မှတ်သားထားပါမယ်။ ဥပမာတခုအနေနဲ့ ပြောရရင် ရွာတရွာကို ဇာတ်ပွဲလာကတဲ့အခါ အများပရိသတ်ကတော့ စင်ပေါ်က ဇာတ်မင်းသား၊ ဇာတ်မင်းသမီးကို စင်အောက်ကနေ ကောင်းကောင်း ကြည့်လိုက်ရရင် ကျေနပ် အားရကြတာချည်းပါပဲ။ သို့သော်လည်း ကျနော်တို့ မြန်မာရိုးရာဓလေ့မှာတော့ဖြင့် ရွှေမန်းဦးတင်မောင်တို့၊ ဦးစိန်အောင်မင်းတို့ ဆိုတာက မည်သို့ပင် ညဖက်မှာ ဇာတ်ကရလို့ အိပ်ရေးပျက်သော်လည်း ရောက်တဲ့ ရပ်ရွာမှာ ရပ်မိရပ်ဖတွေ၊ ဂေါပကတွေ၊ ရွာဦးကျောင်းက ဘုန်းကြီးတွေနဲ့ ဧည့်ခံစကားပြောတဲ့ ၀တ်ကိုတော့ ထမ်းဆောင်ကြလေ့ရှိပါတယ်။ ဒါကတော့ ဒေါ်စုရဲ့ ခရီးစဉ်ကို စီစဉ်တဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေ၊ အစိုးရပိုင်းက လူတွေရဲ့ စီစဉ်မှု၊ နားလည်မှု၊ အချိန်ဇယားတို့ အကန့်အသတ်တို့နဲ့ သက်ဆိုင်လိမ့်မယ်။ အဲဒီအပိုင်းတွေကြောင့်လို့လည်း ဖြစ်နိုင်တာကိုလည်း ထည့်စဉ်းစားရမယ်။ နောင်ဆိုရင်လည်း ပိုပြီး ထိတွေ့ ဆက်စပ်နိုင်အောင်လို့ စဉ်းစားကြရမယ်လို့ ပြောချင်ပါတယ်။

မေး။ ။ ဟုတ်ကဲ့ပါ ဆရာ။ ဒေါ်အောင်ဆန်းစုကြည်နဲ့အဖွဲ့ကို အမေရိကန်ပြည်ထောင်စုက ဂုဏ်ထူးဆောင် ဧည့်သည်တော်တဦးလို ဖိတ်ကြားပြီး ခရီးစဉ်တွေ စီစဉ်ပေးတာကို ကျနော်တို့ တွေ့ရပါတယ်။ မြန်မာဧည့်ပရိသတ်တွေနဲ့ တွေ့ဆုံပွဲတွေဖြစ်မြောက်အောင်လည်း သက်ဆိုင်ရာတွေက ပံ့ပိုးစီစဉ်ပေးတာတွေ အများကြီး ရှိတာကိုလည်း အသိအမှတ်ပြုရပါတယ်။ အဲသည်မှာ ကျနော်တို့တွေ့ရတာ တချက်ကတော့ပေါ့လေ။ အခြားအမေရိကန်အဖွဲ့အစည်းတွေ အစုအဖွဲ့တွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ ဆွေးနွေးတဲ့ ဖိုရမ်တွေ၊ စကားဝိုင်းတွေ၊ ဂုဏ်ပြုချီးမြှင့်ပွဲတွေကို သူတို့ဖြတ်သန်းခဲ့တဲ့ အခြေကျပြီးသား၊ ရင့်ကျက်ပြီးသား အတွေ့အကြုံတွေ၊ အရင်းအမြစ်တွေ သုံးပြီးတော့ ဆောင်ရွက် အားထုတ်နိုင်ကြတယ်။ ကျနော်တို့ မြန်မာကွန်မြူနီတီတွေမှာကျတော့ သူတို့တွေလောက် အင်နဲ့ အားနဲ့ မရှိကြတော့ ကိုယ့်အားကိုယ်ကိုးပြီး အများကြီး အားထုတ်ကြရတာပေါ့ ဆရာရယ်။ အဲဒီအတွက် ကျနော်တို့တတွေ ရင်ဆိုင်ရတဲ့ မေးခွန်းတွေ စိန်ခေါ်ချက်တွေက မင်းတို့ မြန်မာတွေ ဘယ်လောက်များများ စုစည်းပြီး လာမှာလဲ။ မင်းတို့ လုပ်နိုင်ပါ့မလား။ လုံခြုံရေးအရ စိတ်ချရပါ့မလား။ စည်းကမ်းရှိပါ့မလား။ ဆန္ဒပြတာတွေ ဆူပူတာတွေကော ဖြစ်မှာလား ဆိုပြီး စိုးရိမ်တဲ့ မေးခွန်းတွေကို ကျနော်တို့တတွေ ရင်ဆိုင်ကြရတယ်။ အဲသည်လို မေးခွန်းတွေ အကန့်အသတ်တွေကို ရင်ဆိုင်ကျော်လွှားပြီးတော့မှ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာမိသားစုများ တွေ့ဆုံပွဲတွေကို အောင်မြင်အောင် လုပ်ခဲ့ကြရတာ ဖြစ်တယ်ဆိုတာကိုလည်း ဖြည့်စွက်ပြီး ပြောပြချင်ပါတယ်

ဖြေ။ ။ ဟုတ်ပါတယ်။ ကျနော်တို့ ကြားပါတယ်။ ဒါတွေက အမေရိကန်ပြည်ရောက်နေတဲ့ မြန်မာကွန်မြူနီတီအတွက် အတွေ့အကြုံသစ်တွေရတယ်၊ သင်ခန်းစာအသစ်တွေ ရတယ်လို့လည်း ခင်ဗျားတို့တွေဖက်ကလည်း ပြောနိုင်တာပေါ့။ နောင်ခရီးစဉ်တွေ နောင် ပြည်ပနိုင်ငံတွေသွားကြမယ်ဆိုရင် ကျနော်တို့ ခေါင်းဆောင်တွေ၊ တာဝန်ခံတွေဖက်ကလည်း ကြိုတင် ပြင်ဆင် သိရှိထားဖို့ အချက်အလက်တွေ ရတယ်လို့လည်း ပြောနိုင်ပါတယ်။ ကျနော်တို့ဖက်က သဘောပေါက်ပါတယ်။

မေး။ ။ နောက်တခုကတော့ ဆရာပြောသလိုပေါ့လေ ပြည်ပရောက်နေတဲ့ အဝေးရောက်နေတဲ့ ပြည်သူတွေနဲ့ ဆက်ဆံရေးတို့၊ ဆက်စပ်မှုတို့အတွက် ပထမဦးဆုံး စတင်လိုက်တဲ့ ခရီးပေါ့လေ။ အခုလိုမျိုး အနှစ် ၂၀ ကျော်မှ တရားဝင် နိုင်ငံရေးပါတီတရပ်ရဲ့ ခရီး၊ ရွေးချယ်တင်မြှောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ခရီး ဖြစ်တယ်။ အဲသည်မှာ ဆရာပြောသလို အဝေးရောက် အင်န်အယ်ဒီတွေတင် မဟုတ်ဘူး၊ အဝေးရောက် မြန်မာ့အရေးလှုပ်ရှားသူတွေတင် မဟုတ်ဘူး၊ အဝေးရောက်မြန်မာကွန်မြူနီတီမှာက ဒုတိယမျိုးဆက်သစ်တွေ၊ တတိယမျိုးဆက်တွေအထိကို ကျယ်ပြန့်နေပြီ။ သူတို့ လူငယ်မျိုးဆက်သစ်တွေ၊ ကာလသား ကာလသမီးတွေဆိုတာကလည်း မြန်မာပြည်အတွက် ထမ်းဆောင်မယ့် အင်အားတွေ ဖြစ်တယ်။ သူတို့တွေရဲ့ အင်အားတွေ မျှော်လင့်ချက်တွေကိုလည်း အမေရိကန်ပြည်ထောင်စု ဒေါ်စုခရီးစဉ် တွေ့ဆုံပွဲတွေမှာ အများကြီး တွေ့ရတယ်။ အဲဒါကိုလည်း ပြောချင်ပါတယ်။

ဖြေ။ ။ ဟုတ်ကဲ့ပါ။ ဒါကတော့ အဝေးရောက်မြန်မာမိသားစုတွေရဲ့ အင်အားတွေ၊ ၀န်းရံမှုတွေ၊ ထောက်ခံမှုတွေနဲ့ ပတ်သက်ပြီး ကျနော်တို့တတွေက သိရှိရပါတယ်။ အသိအမှတ်ပြုပါတယ်။ သင်ခန်းစာယူစရာတွေ ရှိတယ်ဆိုတာကို လက်ခံပါတယ်။ ဒါတွေဟာ ပြည်တွင်းက စည်းရုံးရေးအတွက်၊ ပရိသတ်တွေ၊ ပါတီအင်အားတွေအတွက်လည်း ချိန်ထိုးပြီး စဉ်းစားကြရမယ်လို့လည်း ပြောချင်ပါတယ်။

(ဓာတ်ပုံ - ၀ါရှင်တန်ဒီစီ မြန်မာမိသားစုများနဲ့ တွေ့ဆုံပွဲ မြင်ကွင်းဓာတ်ပုံ၊ ဒေါ်အောင်ဆန်းစုကြည် စင်မြင့်နှင့် ဧည့်ပရိသတ်မှာ ကစားကွင်းကြီးတခုခြားပြီး တွေ့ဆုံခဲ့ရသည့် မြင်ကွင်းဖြစ်သည်)

ရုံးဖွင့်ခွင့် သဘောတူ လက်မှတ် ရေးထိုးထားပြီး ဖြစ်ကြောင်း OIC တုန့်ပြန်

အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC ဆက်ဆံရေးရုံးကို မြန်မာနိုင်ငံထဲမှာ ဖွင့်ခွင့်ပြုမှာ မဟုတ်ဘူးလို့ အစိုးရက သတင်းထုတ်ပြန်လိုက်ပါတယ်။ မြန်မာနိုင်ငံထဲမှာ OIC ဖွင့်ခွင့်မပြုဖို့ ဆန္ဒပြပွဲတွေ နေရာ အတော်များများမှာ ဖြစ်ပွားနေချိန်မှာပဲ အခုလို သတင်းထုတ်ပြန်လိုက်တာပါ။ OIC အဖွဲ့ကတော့ အခုလို ရုံးခန်းဖွင့်ဖို့ ပယ်ဖျက်လိုက်တဲ့အကြောင်း သူတို့ဆီကို တရားဝင်အကြောင်းကြားလာမျိုး မရှိသေးဘူးလို့ ဆိုပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ ဦးဝင်းမင်းက တင်ပြထားပါတယ်။

နိုင်ငံပေါင်း ၅၇နိုင်ငံပါဝင်တဲ့ အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ရဲ့ ဆက်ဆံရေးရုံး ကို မြန်မာနိုင်ငံမှာ ဖွင့်ခွင့်မပြုဘူးလို့ ည ၈နာရီ မြန်မာရေဒီယိုနဲ့ ရုပ်မြင်သံကြားတွေ က ကြေညာလိုက်ပါတယ်။ OIC ဆက်ဆံရေးရုံးဖွင့်ခွင့်မပြုဖို့ ရခိုင်ပြည်နယ် စစ်တွေမြို့နဲ့ မန္တလေးမြို့ကြီးတွေအပါအဝင် အခြားမြို့အနည်းငယ်မှာ ဆန္ဒပြပွဲတွေ ဒီရက်ပိုင်းအတွင်းကစ ဖြစ်လာခဲ့ပြီး အချိန်မှာ မြန်မာအစိုးရဘက်က ပြည်သူလူထုရဲ့ ဆန္ဒနဲ့ မကိုက်ညီလို့ အခုလို ဆုံးဖြတ်ရတာလို့ဆိုပါတယ်။

အခုလို OIC ရုံးဖွင့်ဖို့ကို မြန်မာအစိုးရရဲ့ နယ်စပ်ရေးရာဝန်ကြီး ဦးသိန်းဌေးနဲ့ OIC အဖွဲ့ရဲ့ ကိုယ်စားလှယ်တွေကြား ပြီးခဲ့တဲ့ စက်တင်ဘာကပဲ ရခိုင်ပြည်နယ်က ဒုက္ခသည်တွေ ကူညီရေး နားလည်မှု စာချွန်လွှာတခု လက်မှတ်ရေးထိုးပြီး သဘောတူခဲ့ကြတယ်လို့ OIC အဖွဲ့ ပြန်ကြားရေးဌာနက Ms. Maha အခုလို ပြောပါတယ်။

“သဘောတူညီမှုဟာ မြန်မာအစိုးရဘက်က နယ်စပ်ရေးရာဝန်ကြီးနဲ့ OIC ကိုယ်စားလှယ်တို့ကြား ပြီးခဲ့တဲ့လ စက်တင်ဘာလက လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။ ရုံးခွဲနှစ်ခု ဖွင့်ခွင့်ပြုဖို့ ရန်ကုန်နဲ့ ရခိုင် စစ်တွေမှာပါ။”

အခုလိုလက်မှတ်ရေးထိုးခဲ့တဲ့ ဒီနားလည်မှု စာချွန်လွှာထဲမှာ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာ မူဆလင်နဲ့ ဗုဒ္ဓဘာသာဝင်ရခိုင်တွေကြား ဖြစ်ခဲ့တဲ့ ပဋိပက္ခနဲ့ လူသားချင်းဆိုင်ရာ ကူညီမှုတွေကို ညှိနှိုင်းဖြေရှင်းစောင့်ကြည့်ပေးဖို့ အခုလိုရုံးခွဲဖွင့်ဖို့ ထည့်သွင်းခဲ့တာလို့ ဆိုပါတယ်။ ဒါပေမယ့် အခုလို ရုံးခွဲဖွင့်ဖို့ မပြုတော့တဲ့ ဆုံးဖြတ်ချက်ကို တရားဝင်အကြောင်းကြားစာ အနေနဲ့ မရရှိသေးဘူးလို့ OIC ပြန်ကြားရေးဌာနက Ms. Mahar က ဆက်ပြောပါတယ်။

“ကျမတို့အနေနဲ့ မြန်မာအစိုးရထံက အဲ့ဒီ့ကိစ္စနဲ့ပတ်သက်လို့ တရားဝင်အကြောင်းကြားတာမျိုး လက်ခံရရှိခြင်း မရှိသေးပါဘူး။ ဒါပေမယ့်လို့ ကျမတို့ဆီမှာ ရှိတဲ့အချက်ကတော့ OIC နဲ့ မြန်မာအစိုးရကြား လက်မှတ်ရေးထိုးထားတဲ့ သဘောတူညီမှုပါ။ OIC ရုံးခွဲတွေ ဖွင့်ခွင့်ပြု မယ်ဆိုတဲ့ သဘောတူညီမှု ဖြစ်တာမို့ အခုလိုဖွင့်ခွင့်မပြုနိုင်ဘူးလို့ ပြောလာတာကို ကျမတို့ နားမလည်နိုင်ပါဘူး။ သဘောတူညီမှု လက်မှတ်ရေးထိုးထားပြီးသားပါ။”

တချိန်တည်းမှာ RNDP ခေါ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီခေါင်းဆောင်နဲ့ လွှတ်တော်အမတ် ဒေါက်တာအေးမောင်ကတော့ OIC အနေနဲ့ ဘာသာရေးအဖွဲ့ဖြစ်တဲ့အတွက် တိုက်ရိုက်ရုံးဖွင့်ခွင့်ပေးတာထက် စာရင် မြန်မာအစိုးရကတဆင့် စိစစ်ပြီး အကူအညီတွေကို ရောက်သင့်တဲ့နေရာကို ပို့သင့်တယ်လို့ဆိုပါတယ်။

“ကာလတခုအထိ လာပြီးကာမှ ကိုယ်တိုင်ပါဝင်လုပ်ဆောင်မယ်ဆိုတဲ့ အပိုင်းကြည့်တဲ့အခါမှာ ကျနော်တို့ ပွင့်ပွင့်လင်းလင်းပြောရင် လူတွေက ဘယ်သူတွေ ဘာညာဆိုတာ ကျနော်တို့က သေချာသိနိုင်တဲ့ သဘောမဟုတ်တဲ့အခါကျတော့ အင်မတန်ကြောက်စရာကောင်းတယ်ဗျ။ ဘာတွေကို ယူသွားမလဲ။ ဘာတွေကို ဖော်ထုတ်မလဲ။ မဟုတ်တဲ့ဟာကို ဘယ်လိုဝါဒဖြန့်မလဲ ဆိုတာလည်းရှိတယ်။ အဲ့တာကြောင့် အစိုးရအဖွဲ့ကတဆင့် ကူပေးတာ လက်ခံတယ်။”

တကယ်တော့ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဇွန်လကစပြီး ရခိုင်နဲ့မူဆလင်တွေကြား ပဋိပက္ခတွေ ဖြစ်လာခဲ့အပြီးမှာ လူပေါင်းအနည်းဆုံး ၇၀ကျော်သေဆုံးခဲ့ရပြီး အခုလို ရခိုင်ပြည်နယ်အတွင်းမှာလည်း မူဆလင်နဲ့ ဗုဒ္ဓဘာသာ ဒုက္ခသည်ပေါင်း ရှစ်သောင်းပတ်ဝန်းကျင် ဖြစ်လာခဲ့ရတာပါ။

နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်ဝ င်း၏ ရှင်းလင်း ပြောကြားချက်


(Sky Net - Up to Date တွင် ထုတ်လွှင့်မှုမှ)

(ဒုတိယဝန်ကြီး) နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနနဲ့ အစ္စလ်ာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC တို့အကြား ရခိုင်ပြည်နယ် လူသားချင်းစာနာထောက်ထားသည့် အကူအညီများ ပေးအပ်သွားရေး ပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာကို (၁၁-၉-၂၀၁၂)ရက်နေ့မှာ နတလဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နဲ့ လက်မှတ်ရေးထိုးခဲ့ပါတယ်။

(Sky Net) ဘယ်လိုရည်ရွယ်ချက်တွေနဲ့ လက်မှတ်ရေးထိုးခဲ့တယ် ဆိုတာကိုလည်း ရှင်းပြပေးစေလိုပါတယ်။

(ဒုတိယဝန်ကြီး) ပထမအချက်ကတော့ နယ်စပ်ရေးရာဝန်ကြီးဌာနရဲ့ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနနဲ့ OIC တို့ဟာ ရခိုင်ပြည်နယ်အတွင်းမှာ အကူအညီလိုအပ်နေတဲ့ နှစ်ဖက် အဖွဲ့အစည်းများမှ လိုအပ်ချက် ရှိသူများ အားလုံးအတွက် လူသားချင်းစာနာထောက်ထားတဲ့ အကူအညီများကို လူမျိုး-ဘာသာ ခွဲခြားမှု မပြုဘဲ ထောက်ပံ့ခြင်းများ ဆောင်ရွက်ရန် ရည်ရွယ်ပြီးတော့ လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။

ဒုတိယအချက်ကတော့ ပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာအရ ဆောင်ရွက်နေတဲ့ လုပ်ငန်း အားလုံးဟာ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနမှ ထုတ်ပြန်ထားတဲ့ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ ပူးပေါင်း ပါဝင်မှုနဲ့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း အကောင်အထည်ဖော်ရာမှာ စနစ်တကျနဲ့ အဆင်ပြေချောမွေ့စေရေး အစီအစဉ် လုပ်ငန်းလမ်းညွှန်ချက်နဲ့ အညီ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် OIC အဖွဲ့ အနေနဲ့ ရခိုင်ပြည်နယ်အတွင်း စားနပ်ရိက္ခာ အကူအညီနဲ့ အာဟာရ၊ ဆေးဝါးအကူအညီ၊ နေအိမ်၊ ရေနဲ့ သန့်ရှင်းရေး၊ ပညာရေး၊ အသက်မွေးဝမ်းကျောင်းမှု၊ အရေးပေါ်ကယ်ဆယ်ရေးနဲ့ ပြန်လည် ထူထောင်ရေး၊ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များ စတဲ့ လုပ်ငန်းများစွာကို ဆောင်ရွက်လျက်ရှိတဲ့ လူသားချင်းစာနာထောက်ထားရေး ဆိုင်ရာ အစိုးရ မဟုတ်သော အဖွဲ့အစည်းများရဲ့ လုပ်ငန်းစဉ်များမှာ ညှိနှိုင်း ပူးပေါင်းဆောင်ရွက်သွားမည် လို့ စာချွန်လွှာ အပိုဒ်(၅)မှာ အတိအလင်း ဖော်ပြထားပြီး ဖြစ်ပါတယ်။

(Sky Net ) ဟုတ်ကဲ့ပါ အဘ။ OIC ရုံး(၂)ရုံးကို ရန်ကုန်မြို့နဲ့ စစ်တွေမြို့တို့မှာ ဖွင့်လှစ်သွားမှာ ဖြစ်ကြောင်း ပြည်သူများအကြားမှာ ပြန့်နှံ့လျက် ရှိပါတယ်။ ဒီရုံး(၂)ရုံး ဖွင့်လှစ်ရေးနဲ့ ပတ်သက်လို့ရော ဖွင့်လှစ်ရန် အစီအစဉ် ရှိ-မရှိကို သိလိုပါတယ် အဘ။

(ဒုတိယဝန်ကြီး) OIC ရုံးဖွင့်လှစ်ရန် ကိစ္စနဲ့ ပတ်သက်လို့တော့ ပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာ အပိုဒ်(၆)မှာ အဆိုပါရည်ရွယ်ချက်များကို ပြီးမြောက်အောင်မြင်စေရန်နဲ့ OIC အား ရခိုင်ပြည်နယ်အတွင်း လုပ်ငန်းတာဝန်များကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် အလို့ငှာ နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများရဲ့ အဆင့်နဲ့ လျော်ညီတဲ့ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ ယာယီရုံး(၁)ရုံးကို မြန်မာနိုင်ငံမှာ တည်ထောင်ဖွင့်လှစ်နိုင်ရေးအတွက် နတလက အကူအညီ ပေးရန်လို့ ဖော်ပြ ပါရှိပါတယ်။

မူလသဘောတူညီထားတဲ့ ပစ္စည်းများ ထောက်ပံ့ကူညီမှု ရှိလျှင် အဆင်ပြေစေရန်အတွက် ရည်ရွယ်ပြီးတော့ ယာယီရုံး(၁)ရုံး ဖွင့်လှစ်ဖို့ သဘောတူခဲ့တာ ဖြစ်ပါတယ်။

ယခုအချိန်ထိလည်းပဲ OIC က တာဝန်ရှိသူများအနေနဲ့ မြန်မာနိုင်ငံမှာ ယာယီ ရုံး(၁)ရုံ ဖွင့်လှစ်ရေးနဲ့ပတ်သက်ပြီးတော့ ကမ်းလှမ်းလာမှုတွေ မရှိ သေးကြောင်း၊ ကမ်းလှမ်းလာပါကလည်း ပြည်သူလူထုရဲ့ဆန္ဒနဲ့အညီ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြောကြားလိုပါတယ်။

OIC ဆက်ဆံရေးရုံးများ ဖွင့်လှစ်ရန်ကိစ္စမှာ ပြည်သူ့ဆန္ဒနှင့် မကိုက်ညီသဖြင့် ခွင့်ပြုမည် မဟုတ်ကြောင် နိုင်ငံတော်သမ္မ္မတရုံးသတင်းထုတ်ပြန်

OIC ဆက်ဆံရေးရုံးများ ဖွင့်လှစ်ရန်ကိစ္စမှာ ပြည်သူ့ဆန္ဒနှင့် မကိုက်ညီသဖြင့် ခွင့်ပြုမည်
မဟုတ်ကြောင်း နိုင်ငံတော်သမ္မ္မတရုံးက အောက်တိုဘာ ၁၅ ရက်နေ့ မွန်းလွဲပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါသတင်းထုတ်ပြန်ချက်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံအချင်းချင်း (သို့မဟုတ်) နိုင်ငံအများ ပူးပေါင်းဆောင်ရွက်ရာတွင် နားလည်မှု စာချွန်လွှာ MoU လက်မှတ်ရေးထိုးခြင်းနှင့် စပ်လျဉ်း၍ နိုင်ငံတော် သမ္မတက နိုင်ငံတော်၏ ဂုဏ်သိက္ခာ မထိခိုက်စေရန်၊ အမျိုးသားအကျိုးစီးပွား မထိခိုက်စေရန်၊
နိုင်ငံတော်၏ အချုပ်အခြာအာဏာ မထိခိုက်စေရန်၊ နိုင်ငံတော်၏ သဘာဝပတ်ဝန်းကျင် မထိခိုက်စေရန် အစရှိသည့် လမ်းညွှန်ချက်များ ချမှတ်ပေးထားပြီး ယင်းလမ်းညွှန်ချက်များအတိုင်း တိတိ ကျကျ ဆောင်ရွက်စေလျက် ရှိသည်၊ ပြည်သူလူထုအကြားတွင် ပျံ့နှံ့ဖြစ်ပေါ်လျက်ရှိသော မြန်မာနိုင်ငံတွင် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ ပေးအပ်ရာတွင် ဆက်သွယ်ဆောင်ရွက်ရန် OIC ရုံး ဖွင့်လှစ်မည့် သတင်းနှင့် စပ်လျဉ်း၍ ၄င်းရုံး ဖွင့်လှစ်ရန်ကိစ္စမှာ ပြည်သူ့ဆန္ဒနှင့် မကိုက်ညီသဖြင့် ခွင့်ပြုမည် မဟုတ်ကြောင်း အစရှိသဖြင့် ပါဝင်ခဲ့သည်။

Sunday, October 14, 2012

အင်တာနက်ပေါ်မှ အနိုင်ကျင့်မှု၏ နောက်ဆက်တွဲ ရင်နင့်ဖွယ်ဖြစ်ရပ်

မိန်းကလေးများ သတိပြုကြရန် (အထူး)

အင်တာနက်ပေါ်မှ အနိုင်ကျင့် နှိပ်စက်ကလူ ပြုမှုများကြောင့် အသက်ကို စတေးခဲ့ရသည့် ရင်နင့် သနားစရာ မိန်းကလေး တစ်ဦး၏ ဖြစ်ရပ်ကို The Sun သတင်းဌာနက ဖော်ပြခဲ့သည်။ အသက်(၁၅)နှစ်သာ ရှိသေးသော အမန်ဒါ မိုက်ချယ်လ်တော့ဒ်သည် ဗန်ကူးဗားရှိ သူမ၏ နေအိမ်တွင် ဗုဒ္ဓဟူးနေ့က သေဆုံးနေသည်ကို တွေ့ရသည်။ ရဲများက အမန်ဒါသည် မိမိကိုယ်ကိုယ် သေကြောင်းကြံစည်သွားခြင်းဟု သတ်မှတ်ခဲ့ပြီး သူမသည် အင်တာနက်ပေါ်မှ အနိုင်ကျင့် စော်ကားမှုများကို မခံမရပ်နိုင်သည့်အဆုံး ယခုလမ်းကို ရွေးသွားခြင်းဟု ကောက်ချက်ချခဲ့သည်။


အမန်ဒါသည် စက်တင်ဘာ (၇)ရက်နေ့ ကတည်းက အဖြူအမည်း ဗီဒီယိုဖိုင် တစ်ခုကို အင်တာနက်တွင် လွှင့်တင်ကာ သူမ၏ စိုးရိမ်ထိတ်လန့်နေရသော ဘဝကို ရင်ဖွင့်ခဲ့ဖူးသည်။ ထိုဗီဒီယိုထဲတွင် စကားလုံးဝ မပြောသော အမန်ဒါသည် ကတ်ပြားများဖြင့် စာရေးကာ သူမ၏ သောကကို ဖွင့်ဟခဲ့သည်။ နောက်ကြောင်းပြန် စုံစမ်းမှုများအရ အထီးကျန် ပျင်းရိမှုကြောင့် Chat Roomများတွင် ဝင်ရောက် စကားပြောရင်း အမန်ဒါနှင့် လူတစ်ဦး တွေ့ဆုံခဲ့သည်။ ထိုသူက ပတ်ချွဲနှပ်ချွဲဖြင့် အမန်ဒါအား အပေါ်ပိုင်း ဗလာကျင်း ကိုယ်ဟန်ပြရန် တောင်းဆိုခဲ့သည်



ငယ်ရွယ်နုနယ်သေးသော မိန်းကလေးသည် ယင်းကို အယုံလွယ်ကာ တစ်ကြိမ် လိုက်လျှောမိသွားခဲ့သည်။ ယင်းတစ်ကြိမ်သည်ပင် သူမဘဝအတွက် ဆိုးရွားသော သက်ရောက်မှုများ ဖြစ်ပေါ်လာရန် လုံလောက်သွားစေခဲ့သည်။ နောက်တစ်နှစ်မျှ အကြာတွင် ထိုသူက အမန်ဒါအား Facebookမှ ဆက်သွယ်လာကာ အလားတူ ပြုလုပ်ပြရန် တောင်းဆိုခဲ့သည်။ အမန်ဒါက ငြင်းဆန်ချိန်တွင် ပထမတစ်ကြိမ်က သူမ၏ ပုံရိပ်များကို အမန်ဒါ၏ မိတ်ဆွေများ၊ အတန်းဖော်များ၊ ဆွေမျိုးများထံသို့ ယုတ်ယုတ်မာမာ ဖြန့်ဝေပစ်ခဲ့သည်။

"ကျွန်မ ဓာတ်ပုံကို ဘယ်တော့မှ ပြန်မရတော့ဘူးလေ"ဟု ရေးထားသော ကတ်ပြားတစ်ချပ်ကို အမန်ဒါက သူမလွှင့်တင်ခဲ့သော ဗီဒီယိုတွင် ကိုင်ဆောင် ပြသခဲ့သည်။ မကြာမီမှာပင် သူမသည် ကျောင်းအသစ်တွင် ဆယ်ကျော်သက် တစ်စုက ဝိုင်းဝန်းရိုက်နှက်ပြီး ယင်းမြင်ကွင်းကို ဗီဒီယိုရိုက်ယူသည့် အခြေအနေနှင့်လည်း ကြုံခဲ့ရပြန်သည်။ ဆိုးရွားသော၊ အထင်သေး စက်ဆုပ်ခံရသော အခြေအနေများစွာကို ကြုံလာရပြီးနောက် အမန်ဒါသည် သူမ၏ ဘဝကို အစွန်းချွတ်ဆေး တစ်ပုလင်း သောက်သုံးခြင်းဖြင့် အဆုံးသတ်ရန် ရွေးချယ်ခဲ့သည်။

သို့သော်လည်း သူမ မသေခဲ့ချေ။ ဆေးရုံပေါ်တွင် သူမ သက်သာလာချိန်တွင် အင်တာနက်ပေါ်မှ ဖိစီးအနိုင်ကျင့်သူများက အခြားအစွန်းချွတ်ဆေး ပုလင်းများ၏ ဓာတ်ပုံကို လွှင့်တင်ကာ "တကယ်တော့ သူက တခြား ဆေးတစ်မျိုးကို သုံးသင့်ခဲ့တာပါ။ နောက်တစ်ခါဆို ဒီကောင်မ သေစေချင်တယ်။ ဒါက ရူးတယ်တော့ မဟုတ်ဘူးလို့ ပြောရမလား"စသဖြင့် စာများလည်း ရေးသားခဲ့သည်။ တစ်ချိန်က Cheerleader တစ်ဦး ဖြစ်ခဲ့သည့် မိန်းမလှလေးက "ကျွန်မ ဒီမှာ ဆက်ရှိနေသင့်သလား။ ကျွန်မအတွက် ဘယ်သူမှ မရှိဘူး။ ကျွန်မ တစ်ယောက်ယောက်ကို လိုအပ်နေပါတယ်"ဟူသော စာတန်းပါ ကတ်ပြားကို My Story: Struggling, bullying, suicide and self-harmဆိုသော အမည် တပ်ထားသည့် သူမ၏ ဗီဒီယိုတွင် ပြသခဲ့သည်။

ဗုဒ္ဓဟူးနေ့ကမူ သူမ၏ ရုပ်အလောင်းကို ရဲများက နေအိမ်ထဲတွင် ကြေကွဲဖွယ်ရာ ရှာဖွေ တွေ့ရှိခဲ့သည်။ သူမသည် မသေဆုံးမီ အနိုင်ကျင့်သူများအား လူအများက ဆန့်ကျင်ရန်နှင့် သားကောင်များဘက်မှ ရပ်တည်ပေးပါရန် ပန်ကြားသော Slide Presentation တစ်ခုကို ပြုလုပ်ထားခဲ့သေးသည်။ ဗြိတိသျှ ကိုလံဘီယာဒေသ အုပ်ချုပ်ရေးမှူး ခရစ်ဆီကလာ့ခ်က သူမ၏ ကြေကွဲမှုကို အမန်ဒါ၏ မိသားစုအတွက် စာနာမျှဝေသည့် အနေဖြင့် ဗီဒီယိုတစ်ခုကို လွှင့်တင်ခဲ့သည်။

"အနိုင်ကျင့်တယ် ဆိုတာ ဘယ်သူ့အတွက်မှ မဖြစ်သင့်ပါဘူး။ ဘယ်သူနဲ့မှ မထိုက်တန်ပါဘူး။ ဒါဟာ မှန်ကန်စွာ ကျင့်သုံးရမယ့် အမူအကျင့်လည်း မဟုတ်ဘူး။ အနိုင်ကျင့် ဖိနှိပ်မှုတွေကို ရပ်တန့်ရပါမယ်"ဟု သူမက ဆိုသည်။ ယခုအခါ Facebookပေါ်တွင် Rest in paradise Amanda Michelle Toddဆိုသော အမှတ်တရ Pageလေး တစ်ခုကို ဖန်တီးထားပြီး လူပေါင်း (၂၈၀၀၀)မျှ Likeထားပြီး ဖြစ်သည်။

အမန်ဒါ၏ မိခင် ကာရိုးလ်က သူမ၏ သမီးဖြစ်သူ နောက်ဆုံး ဖန်တီးခဲ့သည့် ဗီဒီယိုလေးသည် အခြားသော လူငယ်များအတွက် အလားတူ ဖြစ်ရပ်ဆိုးများမှ ရှောင်လွှဲနိုင်ရန် ဆင်ခြင်စရာ သင်ခန်းစာ တစ်ခု ဖြစ်စေလိုကြောင်း ဝမ်းနည်းပက်လက် ပြောကြားခဲ့သည်။ "ဒီဗီဒီယိုကို မျှဝေသင့်တယ်လို့ ကျွန်မ ထင်ပါတယ်။ အကြမ်းဖက်မှု တိုက်ဖျက်ရေး ကိရိယာ တစ်ခု အနေနဲ့ပဲ ဖြစ်ဖြစ်ပေါ့။ ဒါကို ကျွန်မရဲ့ သမီးကလည်း လိုလားပါလိမ့်မယ်"ဟု ကာရိုးလ်က ကြေကွဲစွာ ပြောဆိုသွားခဲ့သည်။

မြန်မာ့ ယူ
တစ်

ကလေးတွင် ရိုဟင်ဂျာအစ္စလမ်သားများ,(၁၆)ဦး ထပ်မံ ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်း
ဒေသကြီး၊ ကလေးမြို့တွင် နယ်စပ် ဖြတ်ကျော်လမ်းများမှတရား မဝင် ခိုးဝင် လာသော ရိုဟင်ဂျာအစ္စလမ်သားများ, လူမျိုး(၁၆)ဦးအား အောက်တိုဘာလ (၁၄) ရက်နေ့တွင် ထပ်မံ ဖမ်းဆီး ရမိခဲ့ကြောင်း ကလေးမြို့နယ်
ရဲစခန်းမှ အတည်ြ
ပု ပြောကြားချက် အရ သိရသည်။

၎င်းရိုဟင်ဂျာအစ္စလမ်သား,များသည် ကလေး အနောက်မြောက် ဒေသ၊ မောက်လင်း အုပ်စုတွင်
ဖမ်းမိခြင်းဖြစ်ပြီး သာယာကုန်း ကျေးရွာတွင်(၁၂)ဦး၊
ပျဉ်းခုံလေး(ဇိုဇန်လမ်းခွဲ)တွင် (၄)ဦး၊ စုစုပေါင်း(၁၆)ဦးကို
နေ့လည်(၁၂း၁၅)နာရီ အချိန်တွင် ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း ၄င်းက BNG ကိုဆက်လက်ပြောကြားသည်။

ခိုးဝင်လာသော ရိုဟင်ဂျာအစ္စလမ်သားများ,များကို ကလေးမြို့နယ် ညောင်တုန်း ရွာသားတစ်ဦးက တွေ့ရှိရာမှ ရဲစခန်းသို့ သတင်းပေးပို့ ခဲ့ခြင်း ဖြစ်ကြောင်း ကလေးမြို့ အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်ရေး အဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။

ယခု ဖမ်းဆီးမိသော ရိုဟင်ဂျာအစ္စလမ်သားများ,(၁၆)ဦးမှာ အမျိုးသားများဖြစ်ကာ
အသက်(၂၅)နှစ်အောက်လူငယ်များဖြစ်ကြောင်း သိရသည်။ ကလေးမြို့တွင် စက်တင်ဘာ(၁၃)ရက်နေ့က ပြုလုပ်ခဲ့သော ရိုဟင်ဂျာအစ္စလမ်သားများ,အရေးနှင့်ပတ်သက်၍ သမ္မတပြောကြားချက် ကို ထောက်ခံပွဲပြုလုပ်ခဲ့ပြီးနောက်ပိုင်း တရားမဝင်
ခိုးဝင်လာသော ရိုဟင်ဂျာအစ္စလမ်သားများ,များအား ဆက်တိုင်ဖမ်းမိခဲ့ခြင်းဖြစ်သည်။

OIC ရုံးဖွင့်မည်မဟုတ်ကြောင်း ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုများ မပြုလုပ်ရန် တာဝန်ရှိသူများကဆိုသည်


  မန္တလေးတိုင်းဒေသကြီး၊ သာသနာရေးဝန်ကြီး ဦးသန်းစိုးမြင့်က OIC ရုံးမြန်မာနိုင်ငံတွင် ဖွင့်မည်မဟုတ်ကြောင်း၊ ထိုအချက်ကို ၄င်းအာမခံကြောင်း၊ ထို့ကြောင့် OIC ရုံးမဖွင့်ရန် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုများ မပြုလုပ်ရန် ယနေ့ ညနေ ၄ နာရီတွင် မန္တလေးမြို့၊ မစိုးရိမ်တိုက်ဟောင်း၌ မန္တလေးတိုင်းဒေသကြီး သံဃာ့နာယကအဖွဲ့ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူးအပါအ၀င် သံဃာ့နာယက အဖွဲ့၊ ဆန္ဒဖော်ထုတ်မှုများကို ဦးဆောင်သော လေးပြင်လေးရပ်ရှိ သံဃာ့ သမဂ္ဂီအဖွဲ့တို့ကို လျှောက်ထား
ခဲ့သည်။

မန္တလေးတိုင်းဒေသကြီး သာသနာရေးဝန်ကြီးက ထိုသို့လျှောက်ထား
စဉ်တွင် နိုင်ငံတော်အသိအမှတ်ပြု အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး ငါးဖွဲ့မှ တာဝန်ရှိသူ ဘာသာရေး ခေါင်းဆောင်များလည်း ပါဝင်သည်။

ဝန်ကြီးဦးသန်းစိုးမြင့်၏ လျှောက်ထားမှုကို လေးပြင်လေးရပ်ရှိ သံဃာ့ သမဂ္ဂီအဖွဲ့မှ ဆရာတော်ဦးဝီရသူက အချက် ၂ ချက်ကို တောင်းဆိုသည်။ OIC ရုံးမြန်မာနိုင်ငံတွင် ဖွင့်မည် မဟုတ်ကြောင်းကိုနိုင်ငံပိုင်မီဒီယာများမှ ထင်သာမြင်သာထုတ်ပြန်ပေးရန်၊ ယခင်တားမြစ်ခဲ့သော ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဆုတောင်းပွဲများ ပြန်လည်ခွင့်ပြုရန်တောင်းဆိုသည်။ ဦးသန်းစိုးမြင့်က ယနေ့(အောက်တိုဘာ ၁၄)ညတွင် နိုင်ငံပိုင် ရုပ်သံ
အစီအစဉ်များ၌ OIC ရုံးဖွင့်မည်မဟုတ်ကြောင်း ကြေညာလိမ့်မည်ဟု
ပြောကြားခဲ့ကြောင်း မစိုးရိမ်တိုက်ဟောင်းတွေ့ဆုံပွဲသို့ သွားရောက်
သတင်းရယူခဲ့သော BNG သတင်းထောက်က သတင်းပေးပို့သည်

OIC ရုံးမဖွင့်ရန် အောက်တိုဘာ (၁၅)ရက်တွင် နိုင်ငံတစ်ဝန်း၌ ဆန္ဒဖော်
ထုတ်မည်ဟု ယနေ့သတင်းများ ထွက်ပေါ်နေသည်။ ထို့ကြောင့် မန္တလေး
နည်းတူ ရန်ကုန်နှင့် ပခုက္ကူမြို့များရှိ နာမည်ကြီး ကျောင်းတိုက်များသို့ တာဝန်ရှိသူများက OIC ရုံးဖွင့်မည်မဟုတ်ကြောင်း၊ ထို့ကြောင့် မဖွင့်ရန် ဆန္ဒဖော်ထုတ်မှုများမပြုလုပ်ရန် ယနေ့ညနေတွင် လိုက်လံလျှောက်ထား
နေကြောင်း ဆရာတော် ဦးဝီရသူက မိန့်ကြားသည်။
BNG
OIC ရုံးဖွင့်မည်မဟုတ်ကြောင်း ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုများ မပြုလုပ်ရန် တာဝန်ရှိသူများက ဆရာတော်များကို လျှောက်ထား Sunday, October 14, 2012 မန္တလေးတိုင်းဒေသကြီး၊ သာသနာရေးဝန်ကြီး ဦးသန်းစိုးမြင့်က OIC ရုံးမြန်မာနိုင်ငံတွင် ဖွင့်မည်မဟုတ်ကြောင်း၊ ထိုအချက်ကို ၄င်းအာမခံ ကြောင်း၊ ထို့ကြောင့် OIC ရုံးမဖွင့်ရန် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုများ မပြုလုပ်ရန် ယနေ့ ညနေ ၄ နာရီတွင် မန္တလေးမြို့၊ မစိုးရိမ်တိုက်ဟောင်း၌ မန္တလေးတိုင်းဒေသကြီး သံဃာ့နာယကအဖွဲ့ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူးအပါအ၀င် သံဃာ့နာယက အဖွဲ့၊ ဆန္ဒဖော်ထုတ်မှုများကို ဦးဆောင်သော လေးပြင်လေးရပ်ရှိ သံဃာ့ သမဂ္ဂီအဖွဲ့တို့ကို လျှောက်ထား ခဲ့သည်။ မန္တလေးတိုင်းဒေသကြီး သာသနာရေးဝန်ကြီးက ထိုသို့လျှောက်ထား စဉ်တွင် နိုင်ငံတော်အသိအမှတ်ပြု အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး ငါးဖွဲ့မှ တာဝန်ရှိသူ ဘာသာရေး ခေါင်းဆောင်များလည်း ပါဝင်သည်။ ၀န်ကြီးဦးသန်းစိုးမြင့်၏ လျှောက်ထားမှုကို လေးပြင်လေးရပ်ရှိ သံဃာ့ သမဂ္ဂီအဖွဲ့မှ ဆရာတော်ဦးဝီရသူက အချက် ၂ ချက်ကို တောင်းဆိုသည်။ OIC ရုံးမြန်မာနိုင်ငံတွင် ဖွင့်မည် မဟုတ်ကြောင်းကိုနိုင်ငံပိုင်မီဒီယာများမှ ထင်သာမြင်သာထုတ်ပြန်ပေးရန်၊ ယခင်တားမြစ်ခဲ့သော ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဆုတောင်းပွဲများ ပြန်လည်ခွင့်ပြုရန်တောင်းဆိုသည်။ ဦးသန်းစိုးမြင့်က ယနေ့(အောက်တိုဘာ ၁၄)ညတွင် နိုင်ငံပိုင် ရုပ်သံ အစီအစဉ်များ၌ OIC ရုံးဖွင့်မည်မဟုတ်ကြောင်း ကြေညာလိမ့်မည်ဟု ပြောကြားခဲ့ကြောင်း မစိုးရိမ်တိုက်ဟောင်းတွေ့ဆုံပွဲသို့ သွားရောက် သတင်းရယူခဲ့သော BNG သတင်းထောက်က သတင်းပေးပို့သည်။ OIC ရုံးမဖွင့်ရန် အောက်တိုဘာ (၁၅)ရက်တွင် နိုင်ငံတစ်ဝန်း၌ ဆန္ဒဖော် ထုတ်မည်ဟု ယနေ့သတင်းများ ထွက်ပေါ်နေသည်။ ထို့ကြောင့် မန္တလေး နည်းတူ ရန်ကုန်နှင့် ပခုက္ကူမြို့များရှိ နာမည်ကြီး ကျောင်းတိုက်များသို့ တာဝန်ရှိသူများက OIC ရုံးဖွင့်မည်မဟုတ်ကြောင်း၊ ထို့ကြောင့် မဖွင့်ရန် ဆန္ဒဖော်ထုတ်မှုများမပြုလုပ်ရန် ယနေ့ညနေတွင် လိုက်လံလျှောက်ထား နေကြောင်း ဆရာတော် ဦးဝီရသူက မိန့်ကြားသည်။