Showing posts with label Daw aung san sukyi. Show all posts
Showing posts with label Daw aung san sukyi. Show all posts

Saturday, June 30, 2012

ဒေါ်စု ဗြိတိန်ပါလီမန်မိန့်ခွန်း

ဒေါ်စု ဗြိတိန်ပါလီမန်မိန့်ခွန်း အပြည့်အစုံ လွှတ်တော်ဥက္ကဌ၊ ၀န်ကြီးချုပ်၊ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော် အမတ်များရှင့် - ခမ်းနားတင့်တယ်တဲ့ ဒီခန်းမကြီးမှာ စကားပြောဖို့ ဖိတ်ခေါ်ခဲ့တဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ဒီဂုဏ်ပြုမှုရဲ့ ထူးခြားတဲ့ သဘောသဘာဝကိုလည်း ကျမ သတိပြုမိပါတယ်။ ဒီနေရာမှာ စကားပြောဖို့ ခွင့်ပြုသင့်သလား ဒါမှမဟုတ် ဒီအဆောက်အအုံထဲက တခြားတနေရာမှာဘဲ ပြောခွင့်ပေးမလား ဆိုတာတောင် အစောပိုင်းက အငြင်းအခုံဖြစ်ခဲ့တာကိုလည်း သိရှိခဲ့ပါတယ်။ ဒီလိုအခြေအတင် ဆွေးနွေးတာတွေဟာ ကောင်းပါတယ်။ ဒါဟာ ပါလီမန် လွှတ်တော်ရဲ့အလုပ်ပါဘဲ။

ဒေါ်အောင်ဆန်းစုကြည်ကိုပြည်သူများတနိုင်ငံလုံးကြိုဆို

တိုင်းနိုင်ငံအနှံ့.... ခွပ်ဒေါင်း... ပြန်လာပြီ >ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ ၁၇ ရက်ကြာ ဥရောပခရီးစဉ်များ အောင်မြင်စွာပြီးဆုံးပြီးနောက် ဇွန်လ ၃၀ ရက်နေ့ နံနက် ၁၀ နာရီ ၅၀ မိနစ်ခန့်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ TG-303 လေယာဉ်ဖြင့် ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ ဥရောပခရီးစဉ်တွင် ၁၉⁠၉၁ ခုနှစ်က ရရှိခဲ့သော ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကို လက်ခံရယူခြင်း၊ ဗြိတိန်ပါလီမန်တွင် မိန့်ခွန်းပြောကြားခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ ယခုခရီးစဉ်သည် သူမအတွက် ၂၄ နှစ်တာကာလအတွင်း ပထမဆုံး ပြည်ပဥရောပခရီးစဉ်တစ်ရပ်ဖြစ်သည်။