Showing posts with label Organization of Islamic Cooperation (OIC). Show all posts
Showing posts with label Organization of Islamic Cooperation (OIC). Show all posts

Monday, October 15, 2012

ရုံးဖွင့်ခွင့် သဘောတူ လက်မှတ် ရေးထိုးထားပြီး ဖြစ်ကြောင်း OIC တုန့်ပြန်

အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC ဆက်ဆံရေးရုံးကို မြန်မာနိုင်ငံထဲမှာ ဖွင့်ခွင့်ပြုမှာ မဟုတ်ဘူးလို့ အစိုးရက သတင်းထုတ်ပြန်လိုက်ပါတယ်။ မြန်မာနိုင်ငံထဲမှာ OIC ဖွင့်ခွင့်မပြုဖို့ ဆန္ဒပြပွဲတွေ နေရာ အတော်များများမှာ ဖြစ်ပွားနေချိန်မှာပဲ အခုလို သတင်းထုတ်ပြန်လိုက်တာပါ။ OIC အဖွဲ့ကတော့ အခုလို ရုံးခန်းဖွင့်ဖို့ ပယ်ဖျက်လိုက်တဲ့အကြောင်း သူတို့ဆီကို တရားဝင်အကြောင်းကြားလာမျိုး မရှိသေးဘူးလို့ ဆိုပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ ဦးဝင်းမင်းက တင်ပြထားပါတယ်။

နိုင်ငံပေါင်း ၅၇နိုင်ငံပါဝင်တဲ့ အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ရဲ့ ဆက်ဆံရေးရုံး ကို မြန်မာနိုင်ငံမှာ ဖွင့်ခွင့်မပြုဘူးလို့ ည ၈နာရီ မြန်မာရေဒီယိုနဲ့ ရုပ်မြင်သံကြားတွေ က ကြေညာလိုက်ပါတယ်။ OIC ဆက်ဆံရေးရုံးဖွင့်ခွင့်မပြုဖို့ ရခိုင်ပြည်နယ် စစ်တွေမြို့နဲ့ မန္တလေးမြို့ကြီးတွေအပါအဝင် အခြားမြို့အနည်းငယ်မှာ ဆန္ဒပြပွဲတွေ ဒီရက်ပိုင်းအတွင်းကစ ဖြစ်လာခဲ့ပြီး အချိန်မှာ မြန်မာအစိုးရဘက်က ပြည်သူလူထုရဲ့ ဆန္ဒနဲ့ မကိုက်ညီလို့ အခုလို ဆုံးဖြတ်ရတာလို့ဆိုပါတယ်။

အခုလို OIC ရုံးဖွင့်ဖို့ကို မြန်မာအစိုးရရဲ့ နယ်စပ်ရေးရာဝန်ကြီး ဦးသိန်းဌေးနဲ့ OIC အဖွဲ့ရဲ့ ကိုယ်စားလှယ်တွေကြား ပြီးခဲ့တဲ့ စက်တင်ဘာကပဲ ရခိုင်ပြည်နယ်က ဒုက္ခသည်တွေ ကူညီရေး နားလည်မှု စာချွန်လွှာတခု လက်မှတ်ရေးထိုးပြီး သဘောတူခဲ့ကြတယ်လို့ OIC အဖွဲ့ ပြန်ကြားရေးဌာနက Ms. Maha အခုလို ပြောပါတယ်။

“သဘောတူညီမှုဟာ မြန်မာအစိုးရဘက်က နယ်စပ်ရေးရာဝန်ကြီးနဲ့ OIC ကိုယ်စားလှယ်တို့ကြား ပြီးခဲ့တဲ့လ စက်တင်ဘာလက လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။ ရုံးခွဲနှစ်ခု ဖွင့်ခွင့်ပြုဖို့ ရန်ကုန်နဲ့ ရခိုင် စစ်တွေမှာပါ။”

အခုလိုလက်မှတ်ရေးထိုးခဲ့တဲ့ ဒီနားလည်မှု စာချွန်လွှာထဲမှာ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာ မူဆလင်နဲ့ ဗုဒ္ဓဘာသာဝင်ရခိုင်တွေကြား ဖြစ်ခဲ့တဲ့ ပဋိပက္ခနဲ့ လူသားချင်းဆိုင်ရာ ကူညီမှုတွေကို ညှိနှိုင်းဖြေရှင်းစောင့်ကြည့်ပေးဖို့ အခုလိုရုံးခွဲဖွင့်ဖို့ ထည့်သွင်းခဲ့တာလို့ ဆိုပါတယ်။ ဒါပေမယ့် အခုလို ရုံးခွဲဖွင့်ဖို့ မပြုတော့တဲ့ ဆုံးဖြတ်ချက်ကို တရားဝင်အကြောင်းကြားစာ အနေနဲ့ မရရှိသေးဘူးလို့ OIC ပြန်ကြားရေးဌာနက Ms. Mahar က ဆက်ပြောပါတယ်။

“ကျမတို့အနေနဲ့ မြန်မာအစိုးရထံက အဲ့ဒီ့ကိစ္စနဲ့ပတ်သက်လို့ တရားဝင်အကြောင်းကြားတာမျိုး လက်ခံရရှိခြင်း မရှိသေးပါဘူး။ ဒါပေမယ့်လို့ ကျမတို့ဆီမှာ ရှိတဲ့အချက်ကတော့ OIC နဲ့ မြန်မာအစိုးရကြား လက်မှတ်ရေးထိုးထားတဲ့ သဘောတူညီမှုပါ။ OIC ရုံးခွဲတွေ ဖွင့်ခွင့်ပြု မယ်ဆိုတဲ့ သဘောတူညီမှု ဖြစ်တာမို့ အခုလိုဖွင့်ခွင့်မပြုနိုင်ဘူးလို့ ပြောလာတာကို ကျမတို့ နားမလည်နိုင်ပါဘူး။ သဘောတူညီမှု လက်မှတ်ရေးထိုးထားပြီးသားပါ။”

တချိန်တည်းမှာ RNDP ခေါ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီခေါင်းဆောင်နဲ့ လွှတ်တော်အမတ် ဒေါက်တာအေးမောင်ကတော့ OIC အနေနဲ့ ဘာသာရေးအဖွဲ့ဖြစ်တဲ့အတွက် တိုက်ရိုက်ရုံးဖွင့်ခွင့်ပေးတာထက် စာရင် မြန်မာအစိုးရကတဆင့် စိစစ်ပြီး အကူအညီတွေကို ရောက်သင့်တဲ့နေရာကို ပို့သင့်တယ်လို့ဆိုပါတယ်။

“ကာလတခုအထိ လာပြီးကာမှ ကိုယ်တိုင်ပါဝင်လုပ်ဆောင်မယ်ဆိုတဲ့ အပိုင်းကြည့်တဲ့အခါမှာ ကျနော်တို့ ပွင့်ပွင့်လင်းလင်းပြောရင် လူတွေက ဘယ်သူတွေ ဘာညာဆိုတာ ကျနော်တို့က သေချာသိနိုင်တဲ့ သဘောမဟုတ်တဲ့အခါကျတော့ အင်မတန်ကြောက်စရာကောင်းတယ်ဗျ။ ဘာတွေကို ယူသွားမလဲ။ ဘာတွေကို ဖော်ထုတ်မလဲ။ မဟုတ်တဲ့ဟာကို ဘယ်လိုဝါဒဖြန့်မလဲ ဆိုတာလည်းရှိတယ်။ အဲ့တာကြောင့် အစိုးရအဖွဲ့ကတဆင့် ကူပေးတာ လက်ခံတယ်။”

တကယ်တော့ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဇွန်လကစပြီး ရခိုင်နဲ့မူဆလင်တွေကြား ပဋိပက္ခတွေ ဖြစ်လာခဲ့အပြီးမှာ လူပေါင်းအနည်းဆုံး ၇၀ကျော်သေဆုံးခဲ့ရပြီး အခုလို ရခိုင်ပြည်နယ်အတွင်းမှာလည်း မူဆလင်နဲ့ ဗုဒ္ဓဘာသာ ဒုက္ခသည်ပေါင်း ရှစ်သောင်းပတ်ဝန်းကျင် ဖြစ်လာခဲ့ရတာပါ။

OIC ဆက်ဆံရေးရုံးများ ဖွင့်လှစ်ရန်ကိစ္စမှာ ပြည်သူ့ဆန္ဒနှင့် မကိုက်ညီသဖြင့် ခွင့်ပြုမည် မဟုတ်ကြောင် နိုင်ငံတော်သမ္မ္မတရုံးသတင်းထုတ်ပြန်

OIC ဆက်ဆံရေးရုံးများ ဖွင့်လှစ်ရန်ကိစ္စမှာ ပြည်သူ့ဆန္ဒနှင့် မကိုက်ညီသဖြင့် ခွင့်ပြုမည်
မဟုတ်ကြောင်း နိုင်ငံတော်သမ္မ္မတရုံးက အောက်တိုဘာ ၁၅ ရက်နေ့ မွန်းလွဲပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါသတင်းထုတ်ပြန်ချက်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံအချင်းချင်း (သို့မဟုတ်) နိုင်ငံအများ ပူးပေါင်းဆောင်ရွက်ရာတွင် နားလည်မှု စာချွန်လွှာ MoU လက်မှတ်ရေးထိုးခြင်းနှင့် စပ်လျဉ်း၍ နိုင်ငံတော် သမ္မတက နိုင်ငံတော်၏ ဂုဏ်သိက္ခာ မထိခိုက်စေရန်၊ အမျိုးသားအကျိုးစီးပွား မထိခိုက်စေရန်၊
နိုင်ငံတော်၏ အချုပ်အခြာအာဏာ မထိခိုက်စေရန်၊ နိုင်ငံတော်၏ သဘာဝပတ်ဝန်းကျင် မထိခိုက်စေရန် အစရှိသည့် လမ်းညွှန်ချက်များ ချမှတ်ပေးထားပြီး ယင်းလမ်းညွှန်ချက်များအတိုင်း တိတိ ကျကျ ဆောင်ရွက်စေလျက် ရှိသည်၊ ပြည်သူလူထုအကြားတွင် ပျံ့နှံ့ဖြစ်ပေါ်လျက်ရှိသော မြန်မာနိုင်ငံတွင် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ ပေးအပ်ရာတွင် ဆက်သွယ်ဆောင်ရွက်ရန် OIC ရုံး ဖွင့်လှစ်မည့် သတင်းနှင့် စပ်လျဉ်း၍ ၄င်းရုံး ဖွင့်လှစ်ရန်ကိစ္စမှာ ပြည်သူ့ဆန္ဒနှင့် မကိုက်ညီသဖြင့် ခွင့်ပြုမည် မဟုတ်ကြောင်း အစရှိသဖြင့် ပါဝင်ခဲ့သည်။

Sunday, October 14, 2012

OIC ရုံးဖွင့်မည်မဟုတ်ကြောင်း ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုများ မပြုလုပ်ရန် တာဝန်ရှိသူများကဆိုသည်


  မန္တလေးတိုင်းဒေသကြီး၊ သာသနာရေးဝန်ကြီး ဦးသန်းစိုးမြင့်က OIC ရုံးမြန်မာနိုင်ငံတွင် ဖွင့်မည်မဟုတ်ကြောင်း၊ ထိုအချက်ကို ၄င်းအာမခံကြောင်း၊ ထို့ကြောင့် OIC ရုံးမဖွင့်ရန် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုများ မပြုလုပ်ရန် ယနေ့ ညနေ ၄ နာရီတွင် မန္တလေးမြို့၊ မစိုးရိမ်တိုက်ဟောင်း၌ မန္တလေးတိုင်းဒေသကြီး သံဃာ့နာယကအဖွဲ့ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူးအပါအ၀င် သံဃာ့နာယက အဖွဲ့၊ ဆန္ဒဖော်ထုတ်မှုများကို ဦးဆောင်သော လေးပြင်လေးရပ်ရှိ သံဃာ့ သမဂ္ဂီအဖွဲ့တို့ကို လျှောက်ထား
ခဲ့သည်။

မန္တလေးတိုင်းဒေသကြီး သာသနာရေးဝန်ကြီးက ထိုသို့လျှောက်ထား
စဉ်တွင် နိုင်ငံတော်အသိအမှတ်ပြု အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး ငါးဖွဲ့မှ တာဝန်ရှိသူ ဘာသာရေး ခေါင်းဆောင်များလည်း ပါဝင်သည်။

ဝန်ကြီးဦးသန်းစိုးမြင့်၏ လျှောက်ထားမှုကို လေးပြင်လေးရပ်ရှိ သံဃာ့ သမဂ္ဂီအဖွဲ့မှ ဆရာတော်ဦးဝီရသူက အချက် ၂ ချက်ကို တောင်းဆိုသည်။ OIC ရုံးမြန်မာနိုင်ငံတွင် ဖွင့်မည် မဟုတ်ကြောင်းကိုနိုင်ငံပိုင်မီဒီယာများမှ ထင်သာမြင်သာထုတ်ပြန်ပေးရန်၊ ယခင်တားမြစ်ခဲ့သော ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဆုတောင်းပွဲများ ပြန်လည်ခွင့်ပြုရန်တောင်းဆိုသည်။ ဦးသန်းစိုးမြင့်က ယနေ့(အောက်တိုဘာ ၁၄)ညတွင် နိုင်ငံပိုင် ရုပ်သံ
အစီအစဉ်များ၌ OIC ရုံးဖွင့်မည်မဟုတ်ကြောင်း ကြေညာလိမ့်မည်ဟု
ပြောကြားခဲ့ကြောင်း မစိုးရိမ်တိုက်ဟောင်းတွေ့ဆုံပွဲသို့ သွားရောက်
သတင်းရယူခဲ့သော BNG သတင်းထောက်က သတင်းပေးပို့သည်

OIC ရုံးမဖွင့်ရန် အောက်တိုဘာ (၁၅)ရက်တွင် နိုင်ငံတစ်ဝန်း၌ ဆန္ဒဖော်
ထုတ်မည်ဟု ယနေ့သတင်းများ ထွက်ပေါ်နေသည်။ ထို့ကြောင့် မန္တလေး
နည်းတူ ရန်ကုန်နှင့် ပခုက္ကူမြို့များရှိ နာမည်ကြီး ကျောင်းတိုက်များသို့ တာဝန်ရှိသူများက OIC ရုံးဖွင့်မည်မဟုတ်ကြောင်း၊ ထို့ကြောင့် မဖွင့်ရန် ဆန္ဒဖော်ထုတ်မှုများမပြုလုပ်ရန် ယနေ့ညနေတွင် လိုက်လံလျှောက်ထား
နေကြောင်း ဆရာတော် ဦးဝီရသူက မိန့်ကြားသည်။
BNG
OIC ရုံးဖွင့်မည်မဟုတ်ကြောင်း ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုများ မပြုလုပ်ရန် တာဝန်ရှိသူများက ဆရာတော်များကို လျှောက်ထား Sunday, October 14, 2012 မန္တလေးတိုင်းဒေသကြီး၊ သာသနာရေးဝန်ကြီး ဦးသန်းစိုးမြင့်က OIC ရုံးမြန်မာနိုင်ငံတွင် ဖွင့်မည်မဟုတ်ကြောင်း၊ ထိုအချက်ကို ၄င်းအာမခံ ကြောင်း၊ ထို့ကြောင့် OIC ရုံးမဖွင့်ရန် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုများ မပြုလုပ်ရန် ယနေ့ ညနေ ၄ နာရီတွင် မန္တလေးမြို့၊ မစိုးရိမ်တိုက်ဟောင်း၌ မန္တလေးတိုင်းဒေသကြီး သံဃာ့နာယကအဖွဲ့ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူးအပါအ၀င် သံဃာ့နာယက အဖွဲ့၊ ဆန္ဒဖော်ထုတ်မှုများကို ဦးဆောင်သော လေးပြင်လေးရပ်ရှိ သံဃာ့ သမဂ္ဂီအဖွဲ့တို့ကို လျှောက်ထား ခဲ့သည်။ မန္တလေးတိုင်းဒေသကြီး သာသနာရေးဝန်ကြီးက ထိုသို့လျှောက်ထား စဉ်တွင် နိုင်ငံတော်အသိအမှတ်ပြု အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး ငါးဖွဲ့မှ တာဝန်ရှိသူ ဘာသာရေး ခေါင်းဆောင်များလည်း ပါဝင်သည်။ ၀န်ကြီးဦးသန်းစိုးမြင့်၏ လျှောက်ထားမှုကို လေးပြင်လေးရပ်ရှိ သံဃာ့ သမဂ္ဂီအဖွဲ့မှ ဆရာတော်ဦးဝီရသူက အချက် ၂ ချက်ကို တောင်းဆိုသည်။ OIC ရုံးမြန်မာနိုင်ငံတွင် ဖွင့်မည် မဟုတ်ကြောင်းကိုနိုင်ငံပိုင်မီဒီယာများမှ ထင်သာမြင်သာထုတ်ပြန်ပေးရန်၊ ယခင်တားမြစ်ခဲ့သော ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဆုတောင်းပွဲများ ပြန်လည်ခွင့်ပြုရန်တောင်းဆိုသည်။ ဦးသန်းစိုးမြင့်က ယနေ့(အောက်တိုဘာ ၁၄)ညတွင် နိုင်ငံပိုင် ရုပ်သံ အစီအစဉ်များ၌ OIC ရုံးဖွင့်မည်မဟုတ်ကြောင်း ကြေညာလိမ့်မည်ဟု ပြောကြားခဲ့ကြောင်း မစိုးရိမ်တိုက်ဟောင်းတွေ့ဆုံပွဲသို့ သွားရောက် သတင်းရယူခဲ့သော BNG သတင်းထောက်က သတင်းပေးပို့သည်။ OIC ရုံးမဖွင့်ရန် အောက်တိုဘာ (၁၅)ရက်တွင် နိုင်ငံတစ်ဝန်း၌ ဆန္ဒဖော် ထုတ်မည်ဟု ယနေ့သတင်းများ ထွက်ပေါ်နေသည်။ ထို့ကြောင့် မန္တလေး နည်းတူ ရန်ကုန်နှင့် ပခုက္ကူမြို့များရှိ နာမည်ကြီး ကျောင်းတိုက်များသို့ တာဝန်ရှိသူများက OIC ရုံးဖွင့်မည်မဟုတ်ကြောင်း၊ ထို့ကြောင့် မဖွင့်ရန် ဆန္ဒဖော်ထုတ်မှုများမပြုလုပ်ရန် ယနေ့ညနေတွင် လိုက်လံလျှောက်ထား နေကြောင်း ဆရာတော် ဦးဝီရသူက မိန့်ကြားသည်။

မြန်မာနိုင်ငံတွင် OIC ရုံး ဖွင့်လှစ်ရေးကိစ္စနှင့်စပ်လျဉ်း၍ ရှင်းလင်းချက်

၁။  မြန်မာနိုင်ငံတွင် OIC ရုံးဖွင့်လှစ်ရေးကိစ္စနှင့်စပ်လျဉ်း၍ ရဟန်းသံဃာများ အပါအဝင် ပြည်သူအများက ဆန့်ကျင်ကန့်ကွက်မှုများ ပြုလုပ်လျက် ရှိကြောင်း သိရှိရပါသည်။
၂။ နိုင်ငံအချင်းချင်း(သို့မဟုတ်) နိုင်ငံအများနှင့် ပူးပေါင်းဆောင်ရွက်သည့် နားလည်မှုစာချွန်လွှာ လက်မှန်ရေးထိုးခြင်းနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်ချက်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
    (က)  နိုင်ငံတော်၏ ဂုဏ်သိက္ခာ မထိခိုက်စေရန်၊
    (ခ)    အမျိုးသားအကျိုးစီးပွား မထိခိုက်စေရန်၊
    (ဂ)   နိုင်ငံတော်၏ အချုပ်အခြာအာဏာ မထိခိုက်စေရန်၊
    (ဃ) သဘာဝပတ်ဝန်းကျင် မထိခိုက်စေရန်။
၃။ ၄င်းအပြင် နိုင်ငံတော်သမ္မတကြီးသည် အုပ်ချုပ်ရေးမဏ္ဍိုင်အနေဖြင့် ပြည်သူလူထုဗဟိုပြု ပြုပြင်ပြောင်းလဲမှုများ ဖော်ဆောင်ရန် ခိုင်မာသော မူဝါဒများ ချမှတ်ပေးထားပြီး ဖြစ်ပါသည်။
၎။ ပြည်သူများအကြားတွင် ဖြစ်ပေါ်လျက်ရှိသောဆန္ဒသဘောထားများကို ကောင်းစွာ သိရှိနားလည်ထားသော နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ ဂုဏ်သိက္ခာ၊ အကျိုးစီးပွား ထိခိုက်နစ်နာမှု မရှိစေရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရပါသဖြင့် ပြည်သူများအနေဖြင့် စိုးရိမ်ပူပန်မှုများ မရှိကြစေရန် အသိပေးအပ်ပါသည်။

Saturday, October 13, 2012

မြန်မာ့ကျေးဇူးရှင်တစ်ပါးသာမကအရှေ့တောင်အာရှ၏အားကိုးအားထားရOIC

မျက်မှောက်ခေတ် မြန်မာ့ သမိုင်းသည် အံသြစရာ ကောင်းလှပါသည်၊ လွတ်လပ်ရေး ရပြီးစမှာ လူဖြစ်ခဲ့ရတဲ့ စာရေးသူတို့အဖို့ လက်တွေ့ ကိုယ်တွေ့ ဖြတ်သန်းခဲ့ရတဲ့ သမိုင်းကို ဆိုလိုပါသည်၊
နှစ်ပေါင်း တစ်ရာကျော် အင်္ဂလိပ်တို့၏ လက်အောက်မှာ ထီးပျောက် နန်းပျောက် ကျွန်သားပေါက် ဘဝဖြင့် နေခဲ့ကြရပါသည်၊ ကျွန်ဘဝဆိုကတည်းက အဘယ်မှာ ကောင်းနိုင်ပါမည်နည်း၊ သို့သော်လည်း မိမိတို့အဖို့ ဘာမျှ မတတ်နိုင်ခဲ့ကြပါ။
နေမဝင် အင်ပိုင်ယာရှင်၏ အောက်တွင် မိမိတို့ကဲ့သို့ နိုင်ငံများစွာလည်း ကျွန်ဖြစ်ခဲ့ကြရသည် မဟုတ်ပါလား၊ တရုပ် ကုလား စသည့် နိုင်ငံကြီးများလည်း ပါခဲ့ကြပါသည်၊ ဆိုးလှသည့် လူ့သမိုင်းကြီးပါလား။

အဆိုးထဲက အကောင်းဆိုသလို ပြောရရင် အင်္ဂလိပ်က မြန်မာ့မြေပေါ်က ကျွန်းသစ်မှ အစ သယံဇာတများကို ထုတ်ယူ စုတ်ယူကြသော်လည်း တချက်တည်း အမြစ်ပြတ်ခုတ်ယူတာမျိုး ထုတ်ယူတာမျိုးတော့ မလုပ်ခဲ့ကြပါ။

မျိုးပြုတ်အောင် ထုတ်ယူတာမျိုးလည်း မလုပ်ခဲ့ကြပါ၊ ဒီမြေဒီရေမှာ အဆက်မပြတ် ရှင်သန်နေစေရန်နှင့် အဆက်မပြတ် ခုတ်ယူထုတ်ယူဖို့ရန်သာ ပြုလုပ်ခဲ့ကြပါသည်၊
နှိုင်းယှဉ်၍ပြောချင်သည်မှာ ဂျပန်တို့လက်အောက်သို့ သုံးလေးနှစ်လောက်သာ ရောက်လိုက်ရသည် မျိုးပြုတ်ခမန်း ခံလိုက်ကြရပါသည်
အာရှသားချင်းမို့ ရက်စက်သည်ထင်ပါ့၊ ယနေ့လည်း အာရှသားချင်းမို့ အိမ်နီးချင်းများက ဘယ်လိုဆက်ဆံနေကြတာလဲ၊ မြစ်ဆုံနဲ့ လက်ပံတောင်းတောင်တို့ကို ကြည့်ပြီး ယ္ခင်ကိုလိုနီခေတ်နှင့် နှိုင်းယှဉ်ကြည့်မိပါသည်။
အင်္ဂလိပ်လက်ထက်က မြန်မာပြည်မှ ရရှိသည့် အကျိုးအမြတ်အားလုံး၏ ငါးပုံတစ်ပုံကို မြန်မာပြည်အတွက် ပြန်ပြီး သုံးပေးသည်ဟု လူကြီးများပြောသံကို ကြားခဲ့ရပါသည်၊ ဤအကျိုးအမြတ်လောက်နှင့်ပင် ယနေ့မြန်မာပြည်တွင် တွေ့နေရသည့် မီးရထားလမ်းများ၊ မော်တော်ကားလမ်းများ ပေါ်ပေါက်ဖြစ်ထွန်းခဲ့သလို ကမ္ဘာ့အဆင့်မီပညာရေးနှင့် ကောလိပ်ကျောင်းများကိုလည်း မျိုးစေ့ချပေးခဲ့ကြပါသည်။
ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ လွတ်လပ်ရေး ဗိသုကာကြီးများသည် အင်္ဂလိပ်၏ ကျွန်ပညာရေးကျောင်းများမှပင် ပေါ်ထွန်းခဲ့ကြပါသည်။ မြန်မာပြည်သည် အရှေ့တောင်အာရှတွင် ကမ္ဘာ့စပါးကျီဟုဆိုရလောက်အောင် စိုက်ပျိုးမြေဧကထက်ဝက်လောက် တိုးချဲ့နိုင်ခဲ့သည်မှာလည်း ကိုလိုနီခေတ်ကပင်ဖြစ်ပါသည်၊ ကျွန်ခေတ်၏ အဆိုးထဲမှ အကောင်းကို ထုတ်နှုတ်တင်ပြခြင်းပင်ဖြစ်ပါသည်

စနစ်အရကြည့်လျှင် အရင်းရှင် ကိုလိုနီနယ်ချဲ့စနစ်ကို လက်ကိုင်ထားသည့် အင်္ဂလိပ် အစိုးရဖြစ်သည်၊ သို့သော် အာဏာရှင် ကိုလိုနီနယ်ချဲ့စနစ်တော့မဟုတ်ပါ၊ သမိုင်းမှာ ပဒေသရာဇ် ဘုရင်များ၏ နယ်ပယ်ချဲ့ထွင်မှု့၊ ဖက်ဆစ်နှင့် နာဇီတို့၏ နယ်ပယ်ချဲ့ထွင်မှု့များသည် အာဏာရှင် ကိုလိုနီနယ်ချဲ့စနစ်များ ဖြစ်သလို တော်လှန်ရေး တင်ပို့မှု့ဟု အမွှန်းတင်လေ့ရှိသည့် ဆိုရှယ်နယ်ချဲ့ဝါဒသည်လည်း အာဏာရှင်ကိုလိုနီနယ်ချဲ့စနစ်ပင်ဖြစ်သည်၊
အဘယ်ကြောင့်ဆိုသော် အတိုက်အခံမထားသည့် မည်သည့် စနစ်မဆို အာဏာရှင်စနစ်ထဲတွင် အကျုံးဝင်သောကြောင့်ဖြစ်ပါသည်။ အတိုက်အခံရှိသည့် နိုင်ငံရေးသည် ဒီမိုကရေစီနိုင်ငံရေးထဲတွင် အကျုံးဝင်ပါသည်၊ ဒါကြောင့် ကမ္ဘာ့ နေမဝင်အင်ပိုင်ရာခေတ်က အင်္ဂလိပ်အစိုးရသည်လည်း ဒီမိုကရေစီ စနစ်ရှိနေသည်ကတော့ အမှန်ပင်ဖြစ်သည်၊ သို့သော် လူ့အခွင့်အရေးသည်ကား အားနည်းလွန်း လှပါသေးသည်။

မြန်မာနိုင်ငံသည် ဒီမိုကရေစီ အင်္ဂလိပ်၏ လက်အောက်သို့လည်း ကျရောက်ခဲ့ဘူးသည်၊ ဒီမိုကရေစီမဲ့ ဂျပန်တို့လက်အောက်သို့လည်း ကျရောက်ခဲ့ဘူးသည်၊ သို့သော် လွန်စွာကွာခြားပါသည်၊ ဗိုလ်ချုပ်အောင်ဆန်းသည် ဒီမိုကရေစီရှိ အင်္ဂလိပ်အစိုးရ၏ လက်အောက်မှ မြန်မာ့လွတ်လပ်ရေးကို ရအောင်ယူပေးခဲ့ပါသည်၊
ထို့ကြောင့် လွတ်လပ်စ မြန်မာနိုင်ငံသည် ပါတီစုံ ရွေးကောက်ပွဲ စနစ်နှင့် ပါလီမံလွှတ်တော်တို့လည်း ရှိခဲ့ကြသည်၊ ဗိုလ်ချုပ်အောင်ဆန်း ရယူပေးခဲ့သည့် လွတ်လပ်ရေးနှင့်အတူ ဒီမိုကရေစီစနည်းလည်း ကပ်ပါလာခဲ့ပါသည်၊ ဒါကြောင့် ဒီမိုကရေစီကို မြတ်နိုးပြီး လွတ်လပ်သည့် ဒီမိုကရေစီစနစ်ကို ကျင့်သုံးသည့် မြန်မာနိုင်ငံတော်ကို ဗိုလ်ချုပ်အောင်ဆန်းက လွတ်လပ်ရေးနှင့်အတူ အုတ်မြစ်ချပေးခဲ့ပါသည်။

လွတ်လပ်ရေးမရမီ ၉ နှစ်လောက်မှာ မြန်မာနိုင်ငံကို ကွန်မြူနစ် လက်ဝဲဝါဒကို စတင်တည်ထောင်ပြီး ပစ္စည်းမဲ့ ရုပ်ဝါဒကို အုတ်မြစ်ချပေးခဲ့သူ လူတစ်စုထဲတွင်လည်း ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်ပါဝင်ခဲ့ပါသည်၊ သို့သော် နှလုံးသားထက်ဦးနောက်ကို ဦးစားပေးပြီး လက်တွေ့ကျသည့် နိုင်ငံရေးနှင့်အတူ အင်္ဂလိပ်နှင့်အပေးအယူ စာချုပ်အရ လွတ်လပ်ရေးကို ရအောင်ယူနိုင်ပြီး ဒီမိုကရေစီ စနစ်ကိုလည်း မျိုးစေ့ချမှတ်ပေးနိုင်ခဲ့သည့် မြန်မာ့ ကျေးဇူးရှင် အာဇာနည် တစ်ပါးဟုဆိုထိုက်လှပါသည်။

ရေ မြန်မာ့ကျေးဇူးရှင်တစ်ပါးသာမက အရှေ့တောင်အာရှ၏ အားကိုးအားထားပြုရလောက်သည့် အရည်အချင်းနှင့်လည်း ပြည့်စုံထိုက်တန်သူလည်းဖြစ်နေပါသည်၊ ဗိုလ်ချုပ်၏ အသက်အရွယ်နှင့် သူ၏ အရည်အသွေးကို ပူးတွဲဖေါ်ပြရလျှင်တော့ ကမ္ဘာ့စံနမူနာ အဖြစ်ပင် တင်စားပြောဆိုထိုက်လှပါသည်၊ အင်္ဂလိပ်ကိုလိုနီအဖြစ်မှ လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့ကြသည့် နိုင်ငံများမှ ခေါင်းဆောင်များထဲတွင် ဗိုလ်ချုပ်သည် အငယ်ဆုံးဖြစ်သလို အထက်မြက်ဆုံးလည်း ဖြစ်နေခဲ့ပါသည်။

ဗိုလ်ချုပ်အောင်ဆန်း အရည်အသွေးကို သေချာ ဂန လေ့လာသုံးသပ်ပြီး အကဲဖြတ်မှတ်ချက်ချကြသူများအနက် မြန်မာလူမျိုးများထဲမှ ထင်ရှားသူတစ်ဦးကတော့ ဂဠုန်ဦးစောနှင့် အပေါင်းပါတို့အား ဥပဒေအရ တရားစီရင်ခဲ့သည့် အထူးခုံရုံး သဘာပတိလုပ်ခဲ့သူ၊ လွတ်လပ်ရေးရပြီးခေတ်တွင် တရားလွှတ်တော်ချုပ် Supreme Court တရားသူကြီး၊ ထို့နောက်တရားသူကြီးချုပ်အဖြစ် အမှု့ထမ်းခဲ့သူ ဦးကျော်မြင့်ဖြစ်ပါသည်၊

ဦးကျော်မြင့်၏ မှတ်ချက်ချ သုံးသပ်ချက်မှာ ဗိုလ်ချုပ်သည် တကယ့်ကို ရှာမှရှားတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်တာ အမှန်ပဲ၊ သည်လိုခေါင်းဆောင်မျိုးဆိုတာ သမိုင်းတစ်ခေတ်မှာ ထွက်ပေါ်ခဲတယ်၊ နှစ်ပေါင်းနှစ်ရာ သုံးရာမှာတောင် တစ်ယောက်ပေါ်လာဖို့မလွယ်ဘူး၊ ကမ္ဘာ့သမိုင်းမှာလည်း ဗိုလ်ချုပ်အောင်ဆန်းလို ထူးချွန်တဲ့ ခေါင်းဆောင်မျိုးဟာ နှစ်ပေါင်း ငါးရာ တစ်ထောင်မှာမှ ရှားရှားပါးပါး တစ်ယောက်တလေလောက်ပေါ်ထွက်တတ်တယ်၊ အခု သူကိုယ်တိုင် အချိန်နှစ်နာရီ နီးပါးပြောသွားတာတွေ ကြားရတော့ (ရွှေတိဂုံအလယ် ပစ္စယံ မိန့်ခွန်း) သူ့ကို ပိုပြီး လေးစား အထင်ကြီးသွားမိတယ်၊
ဒီးဒုတ်ဦးဘချို၊ ဟင်္သာတဦးမြ၊ သ္ခင်မြတို့လို လူကြီးတွေကတောင် လူငယ်တစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်ရဲ့ ခေါင်းဆောင်မှု့ကို လက်ခံကြတာဟာ ဘာကြောင့်ဆိုတာ အခု ကျုပ်နားလည်သဘောပေါက်မိပြီ၊ ဗိုလ်ချုပ်ဟာ သူ့အသက်အရွယ်နဲ့ မလိုက်အောင် အတွေးအခေါ်အမြော်အမြင် ကြီးမားထက်မြက်သူဖြစ်တယ်၊ သူ့ရဲ့ ဦးဏှောက်ထဲမှာ ကိုယ်ကျိုးစီးပွါးအတွက် တစ်ကိုယ်ကောင်းဆန်တဲ့ စိတ်ကူးမျိုးလုံးဝမရှိဘူး၊ သူဟာ ရည်မှန်းချက်တစ်ခုတည်းကိုသာ အာရုံစိုက်သူဖြစ်တယ်၊ အင်္ဂလိပ်လို Obsession ”အော့ဗ်ဆက်ရှင်း” စိတ်အာရုံထဲမှာ တစ်ခုတည်းသော ကြီးမားသော စွဲလမ်းမှု့ (အော့ဗ်ဆက်ရှင်း)က တိုင်းပြည် လွတ်လပ်ရေးရဖို့ပဲ၊ ကျုပ်တို့ နိုင်ငံသားတွေအတွက် အခုလို အချိန်မျိုးမှာ ဗိုလ်ချုပ်လို ခေါင်းဆောင်မျိုးရရှိနေတာ ကံကောင်းတယ်လို့ ဆိုရမယ်၊
၁၉၂၀ ခုနှစ် ကောလိပ်သပိတ်နောက်ပိုင်း မြန်မာ့ နိုင်ငံရေးသမားတွေ အမျိုးမျိုး ကြံစည်ကြိုးစားခဲ့ကြသော်လည်း မရခဲ့တဲ့ လွတ်လပ်ရေးကို ဗိုလ်ချုပ်က ဧကန်မုချ ရယူပေးနိုင်လိမ့်မယ်လို့ ကျုပ်တော့ တစ်ထစ်ချယုံကြည်မိတယ်၊ သူမတူအောင်ထူးခြားတဲ့ ခေါင်းဆောင် National Leader of Unique Calibre ဖြစ်တဲ့ ထိုခေါင်းဆောင်ကို အဘက်ဘက်က ကြိုးစားကူညီကြဖို့ပဲ ဆိုသည့် ဝတ်လုံတော် ဦးကျော်မြင့်၏ မှတ်ချက်သည်ကား ခိုင်မာတိကျ မှန်ကန်နေသည်ကို ကမ္ဘာကပင် အတည်ပြုလက်ခံခဲ့ကြပါတော့သည်။

နှစ်ခြောက်ဆယ်ကျော် ခြားနားပေါ်ထွန်းတဲ့ ဖခင် အောင်ဆန်းနှင့် သမီးအောင်ဆန်း ”

  ဗိုလ်ချုပ်ကို သုံးသပ်မှတ်ချက်ပေးခဲ့သူများထဲမှ အိန္ဒိယ ခေါင်းဆောင်ကြီး ဂျဝါဟလာနေရူးကတော့ အသက်အားဖြင့် သုံးဆယ်ခန့်သာရှိသေး သူ လူငယ်တစ်ဦးဖြစ်လင့်ကစား သူ၏ နိုင်ငံရေး အမြော်အမြင်ကြီးမားမှု့ အတွေးအခေါ်မှန်ကန်ပြောင်မြောက်မှု့တို့က အံသြဖွယ်ကောင်းလောက်အောင် ထူးချွန်ထက်မြက်နေသည်၊
တနည်းအားဖြင့် ထိုအချိန်က နယ်ချဲ့လက်အောက်မှ လွတ်မြောက်လုဆဲ အာရှနိုင်ငံများအား မှန်ကန်သော ခေါင်းဆောင်မှု့ပေးနိုင်သူမှာ မြန်မာပြည်မှ အောင်ဆန်းသာဖြစ်သည်ဟု အခိုင်အမာယုံကြည်ကြောင်း မှတ်ချက်ပေးခဲ့ပါသည်။

ဝတ်လုံတော် ဦးကျော်မြင့်နှင့် မစ္စတာ နေရူးတို့၏ မှန်ချက်များမှာ ဗိုလ်ချုပ်သည် သမိုင်းတစ်ခေတ်တွင် ထွန်းထွန်းတောက်တောက် ရှားရှားပါးပါး ပေါ်ပေါက်ခဲ့သည့် နိုင်ငံ့ခေါင်းဆောင်မျိုးဖြစ်ယုံမက နိုင်ငံတကာနှင့် ကမ္ဘာကပါ လေးစား မြတ်နိုးအတုခိုးရမည့် စံနမူနာပြ ပုဂ္ဂိုလ်ထူးကြီးတစ်ဦးဖြစ်နေသည်ကို မီးမောင်းထိုး ပြသလိုက်ကြပါတော့သည်၊ ဗိုလ်ချုပ်အောင်ဆန်း၏ အရည်အသွေးကို အနှစ်ချုပ်တင်ပြရလျှင် မြန်မာ့ စံနမူနာပြု ပုဂ္ဂိုလ်သာမက ကမ္ဘာ့စံနမူနာပြု ပုဂ္ဂိုလ်ကြီး ဖြစ်နေသည်ဆိုတာပါ။

ယနေ့ခေတ် နှစ်ဆယ့်တစ်ရာစုတွင် မြန်မာပြည်မှ ပုဂ္ဂိုလ်ထူးတစ်ဦး ပေါ်ပေါက်ခဲ့ပြန်ပါသည်၊ ထိုပုဂ္ဂိုလ်သည်လည်း တစ်ခေတ်တစ်ယောက် ထွန်းထွန်းပေါက် ဆိုသလို မြန်မာသာမက ကမ္ဘာကပါ လေးစားချီးကျူးစံနမူနာယူကြရမည့်ပုဂ္ဂိုလ်၊ နိုင်ငံတကာကပေးအပ်သည့် ဂုဏ်ထူးဆောင်ဆုပေါင်း တရာ့နှစ်ဆယ်ကျော် ရရှိပြီးဖြစ်သည့် ပုဂ္ဂိုလ် ဖြစ်သည့် သမီးအောင်းဆန်း (သို့မဟုတ်)နိုဗလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ပင်ဖြစ်နေပါတော့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ကမ္ဘာကလေးစားချီးကျူးဂုဏ်ပြုထိုက်သည့် ပင်ကိုယ် အရည်အချင်းကို ဖော်ပြပါဟုဆိုလျှင် သူ၏တွေးခေါ်မှုဆိုင်ရာပညာရပ် ကြီးမားနေမှု(သို့မဟုတ်) အဆင့်မြင့်တွေးခေါ်ပညာရှင်တဦးဖြစ်နေခြင်းဟုဆိုချင်ပါသည်၊ မြန်မာနိုင်ငံကဲ့သို့သော ရှုတ်ထွေးလှ သည့် နိုင်ငံရေးတွေးခေါ်မှုသမိုင်းရှိသည့်နေရာနှင့် နိုင်ငံရေးတွေးခေါ်မှု အားပြိုင်နေသည့်အချိန်တွင် ပေါ်ထွန်းလာသည့် တွေးခေါ်ပညာရှင်တဦးလည်း ဖြစ်နေပါသည်။

မြန်မာနိုင်ငံသည် အင်္ဂလိပ်၏ ကိုလိုနီဖြစ်ခဲ့ရသည့် ဘ၀၊ အင်္ဂလိပ်နှင့် စာချုပ်စာတမ်းချုပ်ဆိုပြီး လွတ်လပ်ရေးရယူခဲ့သည့်အခြေအနေ၊ လွတ်လပ်စမြန်မာနိုင်ငံ၏အဖြစ်၊ စစ်အာဏာရှင်၏အောက်ကို ကျရောက်ခဲ့ရပုံတို့နှင့် ယနေ့စစ်အာဏာရှင်စနစ်မှသည် ဒီမိုကရေစီသို့ ကြိုးပမ်းမှုကာလ စသည့် အဆင့်တိုင်းမှာပင် နေရာယူလှုပ်ရှားခဲ့ကြသည့် ခေါင်းဆောင်ကြီးငယ်များ၏ တွေးခေါ်မှုများက အဆုံးအဖြတ်ပေးခဲ့ကြပါသည်၊ မြန်မာနိုင်ငံ၏ ကံကြမ္မာသည် ကံကောင်းသည်ဟုဆိုရမလား၊ ကံဆိုးသည်ဟုပြောရမလား မပြောတက်ပါ၊ မြန်မာတတွေမှာ ရတနာရွှေငွေ အပေါင်းငဲ့ပြင်၊ မင်းကောင်းနော်ရထာတဲ့၊ မော်စရာဟိုတခေတ်ကိုဖြင့် စသည့် ကဗျာကိုဖတ်မိလျှင်တော့ ယနေ့ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ စာရင်းဝင်နေသည်ကတော့ အမှန်ပါ။

မည်သို့ဖြစ်စေ ဆင်းရဲခြင်းလွတ်ကင်းအောင် လမ်းပြဆောင်မည့်ခေါင်းဆောင်တစ်ဦးကား ပေါ်ထွန်းလာနေပြီဟု ယုံကြည်မိပါသည်၊ သို့ယုံကြည်သည့် ခေါင်းဆောင်မှာ ဒေါ်အောင်းဆန်းစုကြည် ဖြစ်နေပါသည်၊ မြန်မာ့သမိုင်းတွင် ထူးဆန်းတိုက်ဆိုင်နေသည်မှာ မြန်မာနိုင်ငံသားတွေကို ကျွန်စာရင်းမှ လွတ်ကင်းအောင် စွမ်းဆောင်နိုင်သည့် အာဇာနည်ခေါင်းဆောင်မှာ ဗိုလ်ချုပ်အောင်ဆန်းဖြစ်သလို မြန်မာနိုင်ငံသားတွေကို ဆင်းရဲတွင်းမှလွတ်ကင်းအောင် စွမ်းဆောင်ပေးမည့်သူကား သမီးအောင်ဆန်းပင် ဖြစ်နေပါတော့သည်

ဗိုလ်ချုပ်အောင်းဆန်းသည် မြန်မာပြည်တွင်မက ကမ္ဘာကပါ အရေးယူလေးစားလောက်သည့် အရည်အချင်း ဂုဏ်ပုဒ်များနှင့်ပြည့်စုံသူတစ်ဦး ဖြစ်သကဲ့သို့ ယ္ခုဒေါ်အောင်ဆန်းစုကြည်သည်လည်း ကမ္ဘာက ချီးကျူးလေးစားဂုဏ်ပြုခြင်းကိုခံယူနေရသူ ဒီမိုကရေစီသူရဲကောင်း၊ မြန်မာ့ဒီမိုကရေစီမိခင်၊ ကမ္ဘာ့ဒီမိုကရေစီလမ်းပြ မီးရှုးတန်ဆောင်ပမာ ဖြစ်နေပြန်ပါတော့သည်၊ မြန်မာပြည်သားတွေ မြန်မာပြည်သားဖြစ်ရကျိုးနပ်ကြရတော့မည့် ဂုဏ်တက်မှုသည် ဒေါ်အောင်ဆန်းစုကြည်၏ စွမ်းရည် အတွက်ဟုဆိုလျှင် မငြင်းနိုင်ကြတော့ပါ။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေးသည် နောက်ကြောင်းကို မပြန်နိုင်တော့ပါ၊ အဘယ်ကြောင့်ဆိုသော် ဒီမိုကရေစီပါဝါရှင် အမေရိကန်နှင့်အတူ ပူးပေါင်းဆောင်ရွက်နေခြင်းကြောင့်ပင် ဖြစ်သည်၊ ထိုကဲ့သို့ ပါဝါရှင် အမေရိကန်နှင့် ပူးပေါင်းဆောင်ရွက်ပါမှ ဒီမိုကရေစီရေး အောင်မြင်မည်ဆိုသည့် အတွေး အခေါ်သည်လည်းကောင်း အိမ်နီးချင်းများနှင့် သင့်မြတ်စွာပေါင်းသင်းဆက်ဆံရမည်ဆိုသည့် အတွေးအခေါ်သည်လည်းကောင်း၊ မြန်မာပြည်သာယာဝပြောရေးအတွက် ပထ၀ီဝင်နိုင်ငံရေးအရ မိမိတို့ဆောင်ရွက်ကြရမည့် နိင်ငံခြားဆက်ဆံရေးလမ်းစဉ်ကို မှန်ကန်စွာ ရွေးချယ်ချမှတ်နိုင်သည့် အတွေးအခေါ်များသည် ဒေါ်အောင်ဆန်းစုကြည်၌ ရှိနေသည်ကို ယနေ့ မြင်နေတွေ့နေရပါပြီ။

ပရမ်းပတာ စစ်အာဏာရှင်စနစ်ဆိုးမှ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းရမည့်ဖြစ်စဉ်မှာ စိန်ခေါ် ချက်တွေရှိနေပေမင့် မုချအောင်မြင်ရပါလိမ့်မည်၊ ခိုးပြီးစည်းစိမ်ဥစ္စာနှင့် ရပြီးအာဏာကို မစွန့်လွတ် နိုင်သော ခေါင်းမာစစ်အာဏာရှင်အနည်းစုနှင့် သူတို့အပေါင်းပါခရိုနီများ၊ မြန်မာ့အတိုက်အခံ နိုင်ငံရေး လောကထဲမှ နဂိုလ်ကတည်းက အနောက်ဒီမိုကရေစီ၊ လစ်ဘရယ်ဒီမိုကရေစီတို့ကို ယုံကြည်မှုမရှိသူများ ကွန်မြူနစ်ဝါဒကို စွဲစွဲမြဲမြဲ ဆုပ်ကိုင်ကျင့်သုံးနေသေးသည့် နိုင်ငံများ၊ အစွန်းရောက် ဘာသာရေးဝါဒီများတို့သည် ယနေ့မြန်မာနိုင်ငံသားတို့လိုချင်နေသည့် ဒီမိုကရေစီစနစ်ကို ဖြစ်သည့်နည်းဖြင့် ရနိုင်သရွေ့တော့ ကဖျက်ယဖျက် လုပ်ကြမည်မှာအမှန်ပင်ဖြစ်သည်၊ သို့ပေမင့် လူထု၏ဆန္ဒကိုတော့ ကျော်နိုင်မည် မဟုတ်ကြတော့ပါ၊

အင်တာနက်ခေတ်လည်းဖြစ်၊ စစ်အေးတိုက်ပွဲလည်းမရှိတော့ချိန် အနောက်ဒီမိုကရေစီ အင်အားကြီးများကလည်း အားပေးကူညီနေပြီဖြစ်သဖြင့် ဒီမိုကရေစီအပါ် စိန်ခေါ်မှုများကို ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာပြည်သူတွေက အနိုင်တိုက်နိုင်မည်မှာ သေခြာနေပါပြီ။

မြန်မာနိုင်ငံ၏ လက်တွေ့မြင်နေရသည့် အပြောင်းအလဲအပေါ်တွင် ဝေဘန်သုံးသပ်ချက်မျိုးစုံကို ကြားနေကြရပါသည်၊
အဓိကကျသည့် လူထုဘ၀၏ ပြောင်းလဲတိုးတက်မှုကို မတွေ့မမြင်ကြရသေး သဖြင့် ယနေ့သွားနေသည့် ဒေါ်စုတို့၏လမ်းစဉ်အပေါ် အဆိုးမြင်သူများပင် ရှိကြပါသည်၊
သို့သော် နိုင်ငံရေးနှင့် လမ်းစဉ်များကို သဘာဝအတိုင်း ဦးစွာပြောင်းလဲရန် ကြိုပမ်းနေရသည့်ကာလဖြစ်နေသည်ကိုလည်း သဘောပေါက်ကြရပါလိမ့်မည်၊ စစ်အာဏာရှင်စနစ်ဆိုး၏ နောက်ဆုံးလက်ကျန်အမွေဆိုး ဖြစ်သည့် ၂၀၀၈ဖွဲ့စည်းပုံကို လူထုအကျိုးနှင့် မကိုက်ညီသည့်အချက်များအား ပြင်ဆင်ရေးသည် အာဏာရှင်စနစ်ကို မြေမြှုပ်သဂြိုလ်ရေး ပင်ဖြစ်နေသည်၊
ဒါကို ဒေါ်စုလည်းသိသည်၊ လူထုကလည်း သိသည်၊ ခေါင်းမာအာဏာရှင်တစ်စုကလည်း သိပါသည်၊ ဒီမိုကရေစီနိုင်ငံကြီးများကလည်း သိပါ သည်။

၂၀၀၈ကို ပြုပြင်ရန်အတွက်လည်း အဖက်ဖက်မှပြည့်စုံလုံလောက်သည့် အခြေအနေမျိုးဖြစ် နေစေရန်အတွက်လည်း ဒေါ်စုခေါင်းဆောင်ပြီး ကြိုးပမ်းနေချိန်ဖြစ်နေပါသည်၊ နိုင်ငံတကာမှခေါင်း ဆောင်ကြီး၊ ထိပ်သီးကြီးများစွာတို့လည်း ဒေါ်စု၏နေအိမ်သို့ ကိုယ်တိုင်ကိုယ်ကျရောက်ရှိပြီးဖြစ်နေခြင်း၊ ဒေါ်စုကလည်း ဥရောပနှင့် အမေရိကသို့ ခရီးလှည့်လည်ခဲ့ခြင်းများဖြင့် ကြိုးပမ်းချက်များသည် ၂၀၀၈ဖွဲ့စည်းပုံပြင်ဆင်ရန်အတွက် များစွာအထောက်အပံ့ဖြစ်နေသည့်အပြင် မြန်မာပြည်သည် နောက်ကြောင်းသို့ ပြန်မလှည့်နိုင်ရန် အာမခံချက်ကြီးများအဖြစ် မြင်တွေ့နေရပါပြီ။

ဆယ်စုနှစ်တစ်ခုကျော်မျှ နေအိမ်ချုပ်နှင့်နေခဲ့ရသည့် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးအပေါ် တွေးခေါ်မျှော်မြင်မှုသဘောတရားတို့မှာ အံသြဘွယ်ကောင်းလှပါသည်၊ အရေးကြီးသည့်အချက်မှာ ဒီမိုကရေစီစနစ်အပေါ်တွင် ရှု့မြင်သုံးသပ်ရွေးချယ်နိုင်သည့် အမြင်ဖြစ်ပါသည်၊ ဒီမိုကရေစီ ဆိုသည်မှာ မည်သည့် ပယောဂမျှမပါဘဲ အများ၏ဆန္ဒပါပဲဆိုသည့် အခြေခံကို ကောင်းစွာဆုပ်ကိုင်ထားပြီး၊ အဲဒီ ဒီမိုကရေစီကို အကောင်အထည်ဖော်ရာ၌ တူညီသည့် ဒီမိုကရေစီအင်အားစုကြီးတို့၏ ကူညီပံ့ပိုးမှု လိုအပ်ခြင်းသဘောတရားကို သဘောပေါက်လက်ခံသည့် တွေးခေါ်မှုမျိုး ရှိနေခြင်းဆိုသည့် အချက်ပင်ဖြစ်ပါသည်။

ဒီမိုကရေစီဆန့်ကျင်ရေး အင်အားစုများ၏ ကိုယ့်ပြည်တွင်းရေး ကိုယ်ရှင်းရေးဆိုသည့် နှစ်ပေါင်းများစွာ ကြွေးကြော် လူလည်ကြီးလုပ်ခဲ့ကြသည့် ကလိန်ခြုံအတွေးအခေါ်သည်လည်း ပက်ပက်စက်စက်ကြီး ချီးတွင်းထဲသို့ကျသွားခဲ့ပါပြီ၊ ရှင်းရှင်းဆိုရသော် မြန်မာ့ဒီမိုကရေစီရေးသည် မြန်မာသာမက ကမ္ဘာ့ဒီမိုကရေစီရေး အသွင်ကိုဆောင်နေသည့် သဘောတရားကို ဒေါ်စုက ကောင်းကောင်းကြီး နားလည်ပြီး လက်တွေ့အသုံးချပြလိုက်ခြင်းပင် ဖြစ်ပါသည်၊ တစ်နည်းဆိုရသော် လက်တွေ့ကျသည့် နိုင်ငံရေးတွေးခေါ်ပညာရှင်တစ်ဦးပင် ဖြစ်နေပါသည်။

သည်အယူအဆကြောင့်ပင် နှစ်ဆယ့်တစ်ရာစုမှာ နိုင်ငံတကာက ပေးဆပ်ချီးမြှင့်ဂုဏ်ပြုသည့် ဆုပေါင်းများစွာကို ထိုက်တန်စွာ ရယူနိုင်သူဖြစ်သကဲ့သို့ ဥရောပနှင့် အမေရိကန် ခရီးစဉ်တို့မှာလည်း ကမ္ဘာ့ကြီးကြယ်မြင့်မြတ်သည့် ဧည့်ခံကြိုဆိုဂုဏ်ပြုပွဲကြီးများဖြင့် ကမ္ဘာ့သမိုင်းမှာ မှတ်တမ်းတင် မှတ်တမ်းဝင်ခဲ့ပါပြီ။

အံ့သြစရာကောင်းနေသည်မှာ လွန်ခဲ့သည့် နှစ်ပေါင်းခြောက်ဆယ်ကျော်က မြန်မာတွင်မက ကမ္ဘာကပါ လေးစားအားထားလောက်သည့် အာဇာနည်ဖခင် ဗိုလ်ချုပ်အောင်ဆန်းပေါ်ပေါက်ခဲ့သလို ယနေ့ မြန်မာပြည်သာမက ကမ္ဘာကပါလေးစားဂုဏ်ယူ စံနမူနာပြု အာဇာနည် သမီးဒေါ်အောင်ဆန်းစုကြည် ပေါ်ထွန်းလာခြင်းပင် ဖြစ်နေပါတော့သည်

မြန်မာပြည်ကို ဖခင်က လွတ်လပ်ရေးအရယူပေးခဲ့ပြီး သမီးက ဒီမိုကရေစီကို အရယူပေးနေပါပြီ၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ကမ္ဘာက လေးစားဂုဏ်ယူရလောက်အောင် ကြီးမားသည့် တွေးခေါ်မှုအရည်အချင်းမှာ လက်တွေ့ကျသည့် နိုင်ငံရေးသဘောတရား ခံယူချက်ပင်ဖြစ်နေပါသည်၊ ဗိုလ်ချုပ်နှင့် ဒေါ်စုတို့မှာ ဒီသဘောတရားအပေါ်မှာ ထပ်တူကျနေတာတွေ့ရပါသည်၊ မျက်မှောက်ခေတ် နိုင်ငံတကာက ခေါင်းဆောင်များထဲမှာ လက်တွေ့ကျသည့် နိုင်ငံရေးသဘောတရားကို နားလည်လက်ခံကြသူများသည်သာ အောင်မြင်သူများဖြစ်ကြပြီး သူတို့ကိုယ်စားပြုသည့် ပြည်သူလူထုကို တိုးတက်ဖြစ်ထွန်းစေပါသည်။

နောက်တွေးခေါ်မှုတစ်ခုမှာ မတူကွဲပြားကြသည့် အယူအဆ၊ ဓလေ့စရိုက် ယဉ်ကျေးမှု ခံယူချက်များရှိနေသည့် သဘာဝတရားကို အကျိုးရှိရှိဖြစ်ထွန်းအောင် ဆောင်ရွက်နိုင်စွမ်းပင် ဖြစ်နေပါသည်၊
မြန်မာပြည် ကိုလိုနီဘဝက အတူနေတိုင်းရင်းသားတို့ကို မည်သူတို့က မည်သို့ပင် စိတ်ဝမ်းကွဲပြားအောင် မညီညွတ်အောင် ဖန်တည်းလုပ်ဆောင်ကြပါစေ ဗိုလ်ချုပ်က အဲဒီ မတူကွဲပြားမှုများအတိုင်း နည်းလည်လက်ခံပြီး ညီညွတ်ရေးကို တည်ဆောက်ကာ လွတ်လပ်ရေးကို ရယူပေးနိုင်သည့်ပြင် ဆိုရှယ်လစ်၊ ကွန်မြူနစ်၊ အရင်းရှင်၊ ကြားနေ၊ လစ်ဘရယ်တွေ မည်သို့ပင် ကွဲပြားကြပါစေ မတူကွဲပြားခြင်းများ၏ သဘာဝ စွမ်းရည်များကို အသုံးပြုကာ လွတ်လပ်ရေး အကျိုးဖြစ်ထွန်း ပေါ်ပေါက်နိုင်သကဲ့သို့ ယနေ့ ဒေါ်အောင်ဆန်းစုကြည်သည်လည်း မတူကွဲပြားကြသည့် အင်အားများ၏ အများစုကြီး၏ ထောက်ခံမှုကို ရအောင် စွမ်းဆောင် နိုင်သူလည်း ဖြစ်နေပေပြီ၊

ဒါကြောင့် ဒီမိုကရေစီရေးသည်လည်း မုချအောင်ရမည်ဟု ယုံကြည်ထိုက်လှပါသည်။

အချုပ်ဆိုရသော် နှစ်ခြောက်ဆယ်ကျော် ကွာခြားပြီး တူညီသည့် စံပြုရမည့် ဂုဏ်အရည်အချင်းနှင့်လည်း ပြည့်စုံသည့် ဖခင်အောင်ဆန်းနှင့် သမီးအောင်ဆန်းတို့သည် မြန်မာ့လွတ်လပ်ရေးသမိုင်းနှင့် ဒီမိုကရေစီသမိုင်းတို့တွင် ထိုက်ထိုက်တန်တန်အောင်အောင်မြင်မြင် ခေါင်းဆောင်ခဲ့သူများအဖြစ် ကဗျည်းမော်ကွန်းစိုက်ထူကြရမည်သာ ဖြစ်ပါကြောင်း။ ။

Monday, July 9, 2012

ရိုဟင်ဂျာအစ္စလမ်သေဆုံးမှူစစ်ဆေးရန်OIC ပြောကြား

ရခိုင်ဒေသ ပဋိပက္ခများအတွင်း သေဆုံးခဲ့သော ရိုဟင်ဂျာများနှင့် ပတ်သက်ပြီး တရား ဥပဒေနှင့်အညီ အမြန်ဆုံး စုံစမ်း စစ်ဆေးရန် အစ္စလမ် အဖွဲ့တဖွဲ့ဖြစ်သည့် Organization of Islamic Cooperation (OIC) အဖွဲ့က မြန်မာအစိုးရကို တောင်းဆိုလိုက်သည်။ ယင်း ကိစ္စကို နိုင်ငံတကာ အနေနှင့်ပါ ကြားဝင်ဆောင်ရွက်နိုင်ရေး အတွက် ဆက်လက် ဆောင်ရွက်သွားရန် ရှိကြောင်း OIC အဖွဲ့၏ အထွေထွေ အတွင်းရေးမှူးချုပ် Ekmeleddin Ihsanoglu က ပြောကြားသည်ဟု Arab News သတင်းတွင်း ရေးထားသည်။ ပြီး ခဲ့သည့် ဇူလိုင် ၅ ရက်နေ့ကလည်း