Showing posts with label ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့. Show all posts
Showing posts with label ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့. Show all posts

Monday, October 15, 2012

ရုံးဖွင့်ခွင့် သဘောတူ လက်မှတ် ရေးထိုးထားပြီး ဖြစ်ကြောင်း OIC တုန့်ပြန်

အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC ဆက်ဆံရေးရုံးကို မြန်မာနိုင်ငံထဲမှာ ဖွင့်ခွင့်ပြုမှာ မဟုတ်ဘူးလို့ အစိုးရက သတင်းထုတ်ပြန်လိုက်ပါတယ်။ မြန်မာနိုင်ငံထဲမှာ OIC ဖွင့်ခွင့်မပြုဖို့ ဆန္ဒပြပွဲတွေ နေရာ အတော်များများမှာ ဖြစ်ပွားနေချိန်မှာပဲ အခုလို သတင်းထုတ်ပြန်လိုက်တာပါ။ OIC အဖွဲ့ကတော့ အခုလို ရုံးခန်းဖွင့်ဖို့ ပယ်ဖျက်လိုက်တဲ့အကြောင်း သူတို့ဆီကို တရားဝင်အကြောင်းကြားလာမျိုး မရှိသေးဘူးလို့ ဆိုပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ ဦးဝင်းမင်းက တင်ပြထားပါတယ်။

နိုင်ငံပေါင်း ၅၇နိုင်ငံပါဝင်တဲ့ အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ရဲ့ ဆက်ဆံရေးရုံး ကို မြန်မာနိုင်ငံမှာ ဖွင့်ခွင့်မပြုဘူးလို့ ည ၈နာရီ မြန်မာရေဒီယိုနဲ့ ရုပ်မြင်သံကြားတွေ က ကြေညာလိုက်ပါတယ်။ OIC ဆက်ဆံရေးရုံးဖွင့်ခွင့်မပြုဖို့ ရခိုင်ပြည်နယ် စစ်တွေမြို့နဲ့ မန္တလေးမြို့ကြီးတွေအပါအဝင် အခြားမြို့အနည်းငယ်မှာ ဆန္ဒပြပွဲတွေ ဒီရက်ပိုင်းအတွင်းကစ ဖြစ်လာခဲ့ပြီး အချိန်မှာ မြန်မာအစိုးရဘက်က ပြည်သူလူထုရဲ့ ဆန္ဒနဲ့ မကိုက်ညီလို့ အခုလို ဆုံးဖြတ်ရတာလို့ဆိုပါတယ်။

အခုလို OIC ရုံးဖွင့်ဖို့ကို မြန်မာအစိုးရရဲ့ နယ်စပ်ရေးရာဝန်ကြီး ဦးသိန်းဌေးနဲ့ OIC အဖွဲ့ရဲ့ ကိုယ်စားလှယ်တွေကြား ပြီးခဲ့တဲ့ စက်တင်ဘာကပဲ ရခိုင်ပြည်နယ်က ဒုက္ခသည်တွေ ကူညီရေး နားလည်မှု စာချွန်လွှာတခု လက်မှတ်ရေးထိုးပြီး သဘောတူခဲ့ကြတယ်လို့ OIC အဖွဲ့ ပြန်ကြားရေးဌာနက Ms. Maha အခုလို ပြောပါတယ်။

“သဘောတူညီမှုဟာ မြန်မာအစိုးရဘက်က နယ်စပ်ရေးရာဝန်ကြီးနဲ့ OIC ကိုယ်စားလှယ်တို့ကြား ပြီးခဲ့တဲ့လ စက်တင်ဘာလက လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။ ရုံးခွဲနှစ်ခု ဖွင့်ခွင့်ပြုဖို့ ရန်ကုန်နဲ့ ရခိုင် စစ်တွေမှာပါ။”

အခုလိုလက်မှတ်ရေးထိုးခဲ့တဲ့ ဒီနားလည်မှု စာချွန်လွှာထဲမှာ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာ မူဆလင်နဲ့ ဗုဒ္ဓဘာသာဝင်ရခိုင်တွေကြား ဖြစ်ခဲ့တဲ့ ပဋိပက္ခနဲ့ လူသားချင်းဆိုင်ရာ ကူညီမှုတွေကို ညှိနှိုင်းဖြေရှင်းစောင့်ကြည့်ပေးဖို့ အခုလိုရုံးခွဲဖွင့်ဖို့ ထည့်သွင်းခဲ့တာလို့ ဆိုပါတယ်။ ဒါပေမယ့် အခုလို ရုံးခွဲဖွင့်ဖို့ မပြုတော့တဲ့ ဆုံးဖြတ်ချက်ကို တရားဝင်အကြောင်းကြားစာ အနေနဲ့ မရရှိသေးဘူးလို့ OIC ပြန်ကြားရေးဌာနက Ms. Mahar က ဆက်ပြောပါတယ်။

“ကျမတို့အနေနဲ့ မြန်မာအစိုးရထံက အဲ့ဒီ့ကိစ္စနဲ့ပတ်သက်လို့ တရားဝင်အကြောင်းကြားတာမျိုး လက်ခံရရှိခြင်း မရှိသေးပါဘူး။ ဒါပေမယ့်လို့ ကျမတို့ဆီမှာ ရှိတဲ့အချက်ကတော့ OIC နဲ့ မြန်မာအစိုးရကြား လက်မှတ်ရေးထိုးထားတဲ့ သဘောတူညီမှုပါ။ OIC ရုံးခွဲတွေ ဖွင့်ခွင့်ပြု မယ်ဆိုတဲ့ သဘောတူညီမှု ဖြစ်တာမို့ အခုလိုဖွင့်ခွင့်မပြုနိုင်ဘူးလို့ ပြောလာတာကို ကျမတို့ နားမလည်နိုင်ပါဘူး။ သဘောတူညီမှု လက်မှတ်ရေးထိုးထားပြီးသားပါ။”

တချိန်တည်းမှာ RNDP ခေါ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီခေါင်းဆောင်နဲ့ လွှတ်တော်အမတ် ဒေါက်တာအေးမောင်ကတော့ OIC အနေနဲ့ ဘာသာရေးအဖွဲ့ဖြစ်တဲ့အတွက် တိုက်ရိုက်ရုံးဖွင့်ခွင့်ပေးတာထက် စာရင် မြန်မာအစိုးရကတဆင့် စိစစ်ပြီး အကူအညီတွေကို ရောက်သင့်တဲ့နေရာကို ပို့သင့်တယ်လို့ဆိုပါတယ်။

“ကာလတခုအထိ လာပြီးကာမှ ကိုယ်တိုင်ပါဝင်လုပ်ဆောင်မယ်ဆိုတဲ့ အပိုင်းကြည့်တဲ့အခါမှာ ကျနော်တို့ ပွင့်ပွင့်လင်းလင်းပြောရင် လူတွေက ဘယ်သူတွေ ဘာညာဆိုတာ ကျနော်တို့က သေချာသိနိုင်တဲ့ သဘောမဟုတ်တဲ့အခါကျတော့ အင်မတန်ကြောက်စရာကောင်းတယ်ဗျ။ ဘာတွေကို ယူသွားမလဲ။ ဘာတွေကို ဖော်ထုတ်မလဲ။ မဟုတ်တဲ့ဟာကို ဘယ်လိုဝါဒဖြန့်မလဲ ဆိုတာလည်းရှိတယ်။ အဲ့တာကြောင့် အစိုးရအဖွဲ့ကတဆင့် ကူပေးတာ လက်ခံတယ်။”

တကယ်တော့ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဇွန်လကစပြီး ရခိုင်နဲ့မူဆလင်တွေကြား ပဋိပက္ခတွေ ဖြစ်လာခဲ့အပြီးမှာ လူပေါင်းအနည်းဆုံး ၇၀ကျော်သေဆုံးခဲ့ရပြီး အခုလို ရခိုင်ပြည်နယ်အတွင်းမှာလည်း မူဆလင်နဲ့ ဗုဒ္ဓဘာသာ ဒုက္ခသည်ပေါင်း ရှစ်သောင်းပတ်ဝန်းကျင် ဖြစ်လာခဲ့ရတာပါ။

Sunday, October 14, 2012

OIC ရုံးဖွင့်မည်မဟုတ်ကြောင်း ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုများ မပြုလုပ်ရန် တာဝန်ရှိသူများကဆိုသည်


  မန္တလေးတိုင်းဒေသကြီး၊ သာသနာရေးဝန်ကြီး ဦးသန်းစိုးမြင့်က OIC ရုံးမြန်မာနိုင်ငံတွင် ဖွင့်မည်မဟုတ်ကြောင်း၊ ထိုအချက်ကို ၄င်းအာမခံကြောင်း၊ ထို့ကြောင့် OIC ရုံးမဖွင့်ရန် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုများ မပြုလုပ်ရန် ယနေ့ ညနေ ၄ နာရီတွင် မန္တလေးမြို့၊ မစိုးရိမ်တိုက်ဟောင်း၌ မန္တလေးတိုင်းဒေသကြီး သံဃာ့နာယကအဖွဲ့ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူးအပါအ၀င် သံဃာ့နာယက အဖွဲ့၊ ဆန္ဒဖော်ထုတ်မှုများကို ဦးဆောင်သော လေးပြင်လေးရပ်ရှိ သံဃာ့ သမဂ္ဂီအဖွဲ့တို့ကို လျှောက်ထား
ခဲ့သည်။

မန္တလေးတိုင်းဒေသကြီး သာသနာရေးဝန်ကြီးက ထိုသို့လျှောက်ထား
စဉ်တွင် နိုင်ငံတော်အသိအမှတ်ပြု အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး ငါးဖွဲ့မှ တာဝန်ရှိသူ ဘာသာရေး ခေါင်းဆောင်များလည်း ပါဝင်သည်။

ဝန်ကြီးဦးသန်းစိုးမြင့်၏ လျှောက်ထားမှုကို လေးပြင်လေးရပ်ရှိ သံဃာ့ သမဂ္ဂီအဖွဲ့မှ ဆရာတော်ဦးဝီရသူက အချက် ၂ ချက်ကို တောင်းဆိုသည်။ OIC ရုံးမြန်မာနိုင်ငံတွင် ဖွင့်မည် မဟုတ်ကြောင်းကိုနိုင်ငံပိုင်မီဒီယာများမှ ထင်သာမြင်သာထုတ်ပြန်ပေးရန်၊ ယခင်တားမြစ်ခဲ့သော ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဆုတောင်းပွဲများ ပြန်လည်ခွင့်ပြုရန်တောင်းဆိုသည်။ ဦးသန်းစိုးမြင့်က ယနေ့(အောက်တိုဘာ ၁၄)ညတွင် နိုင်ငံပိုင် ရုပ်သံ
အစီအစဉ်များ၌ OIC ရုံးဖွင့်မည်မဟုတ်ကြောင်း ကြေညာလိမ့်မည်ဟု
ပြောကြားခဲ့ကြောင်း မစိုးရိမ်တိုက်ဟောင်းတွေ့ဆုံပွဲသို့ သွားရောက်
သတင်းရယူခဲ့သော BNG သတင်းထောက်က သတင်းပေးပို့သည်

OIC ရုံးမဖွင့်ရန် အောက်တိုဘာ (၁၅)ရက်တွင် နိုင်ငံတစ်ဝန်း၌ ဆန္ဒဖော်
ထုတ်မည်ဟု ယနေ့သတင်းများ ထွက်ပေါ်နေသည်။ ထို့ကြောင့် မန္တလေး
နည်းတူ ရန်ကုန်နှင့် ပခုက္ကူမြို့များရှိ နာမည်ကြီး ကျောင်းတိုက်များသို့ တာဝန်ရှိသူများက OIC ရုံးဖွင့်မည်မဟုတ်ကြောင်း၊ ထို့ကြောင့် မဖွင့်ရန် ဆန္ဒဖော်ထုတ်မှုများမပြုလုပ်ရန် ယနေ့ညနေတွင် လိုက်လံလျှောက်ထား
နေကြောင်း ဆရာတော် ဦးဝီရသူက မိန့်ကြားသည်။
BNG
OIC ရုံးဖွင့်မည်မဟုတ်ကြောင်း ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုများ မပြုလုပ်ရန် တာဝန်ရှိသူများက ဆရာတော်များကို လျှောက်ထား Sunday, October 14, 2012 မန္တလေးတိုင်းဒေသကြီး၊ သာသနာရေးဝန်ကြီး ဦးသန်းစိုးမြင့်က OIC ရုံးမြန်မာနိုင်ငံတွင် ဖွင့်မည်မဟုတ်ကြောင်း၊ ထိုအချက်ကို ၄င်းအာမခံ ကြောင်း၊ ထို့ကြောင့် OIC ရုံးမဖွင့်ရန် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုများ မပြုလုပ်ရန် ယနေ့ ညနေ ၄ နာရီတွင် မန္တလေးမြို့၊ မစိုးရိမ်တိုက်ဟောင်း၌ မန္တလေးတိုင်းဒေသကြီး သံဃာ့နာယကအဖွဲ့ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူးအပါအ၀င် သံဃာ့နာယက အဖွဲ့၊ ဆန္ဒဖော်ထုတ်မှုများကို ဦးဆောင်သော လေးပြင်လေးရပ်ရှိ သံဃာ့ သမဂ္ဂီအဖွဲ့တို့ကို လျှောက်ထား ခဲ့သည်။ မန္တလေးတိုင်းဒေသကြီး သာသနာရေးဝန်ကြီးက ထိုသို့လျှောက်ထား စဉ်တွင် နိုင်ငံတော်အသိအမှတ်ပြု အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး ငါးဖွဲ့မှ တာဝန်ရှိသူ ဘာသာရေး ခေါင်းဆောင်များလည်း ပါဝင်သည်။ ၀န်ကြီးဦးသန်းစိုးမြင့်၏ လျှောက်ထားမှုကို လေးပြင်လေးရပ်ရှိ သံဃာ့ သမဂ္ဂီအဖွဲ့မှ ဆရာတော်ဦးဝီရသူက အချက် ၂ ချက်ကို တောင်းဆိုသည်။ OIC ရုံးမြန်မာနိုင်ငံတွင် ဖွင့်မည် မဟုတ်ကြောင်းကိုနိုင်ငံပိုင်မီဒီယာများမှ ထင်သာမြင်သာထုတ်ပြန်ပေးရန်၊ ယခင်တားမြစ်ခဲ့သော ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဆုတောင်းပွဲများ ပြန်လည်ခွင့်ပြုရန်တောင်းဆိုသည်။ ဦးသန်းစိုးမြင့်က ယနေ့(အောက်တိုဘာ ၁၄)ညတွင် နိုင်ငံပိုင် ရုပ်သံ အစီအစဉ်များ၌ OIC ရုံးဖွင့်မည်မဟုတ်ကြောင်း ကြေညာလိမ့်မည်ဟု ပြောကြားခဲ့ကြောင်း မစိုးရိမ်တိုက်ဟောင်းတွေ့ဆုံပွဲသို့ သွားရောက် သတင်းရယူခဲ့သော BNG သတင်းထောက်က သတင်းပေးပို့သည်။ OIC ရုံးမဖွင့်ရန် အောက်တိုဘာ (၁၅)ရက်တွင် နိုင်ငံတစ်ဝန်း၌ ဆန္ဒဖော် ထုတ်မည်ဟု ယနေ့သတင်းများ ထွက်ပေါ်နေသည်။ ထို့ကြောင့် မန္တလေး နည်းတူ ရန်ကုန်နှင့် ပခုက္ကူမြို့များရှိ နာမည်ကြီး ကျောင်းတိုက်များသို့ တာဝန်ရှိသူများက OIC ရုံးဖွင့်မည်မဟုတ်ကြောင်း၊ ထို့ကြောင့် မဖွင့်ရန် ဆန္ဒဖော်ထုတ်မှုများမပြုလုပ်ရန် ယနေ့ညနေတွင် လိုက်လံလျှောက်ထား နေကြောင်း ဆရာတော် ဦးဝီရသူက မိန့်ကြားသည်။

Wednesday, July 11, 2012

နိုင်ငံတော်သမ္မတကြီးက သမိုင်းကြောင်းအရရိုဟင်ဂျာများဝင်ရောက်လာသည်မှာ(၁၉၄၈)ခုနှစ်၊

"ဘင်္ဂါလီများကိစ္စ
နှင့်ပတ်သက်၍ သမ္မတကြီးက UNHCRသို့ပြောကြား"

နေပြည်တော် ဇူလိုင် ၁၁

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် နေပြည်တော်၌ ရောက်ရှိနေသော ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr. Antonio Guterres ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် (၁၁) နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။ ထိုသို့တွေ့ဆုံရ

Monday, July 9, 2012

ရခိုင်ပြည်နယ်မှာ၁၉၈၂ခုနှစ် နိုင်ငံသားဥပဒေကိုရုပ်သိမ်းပြီး

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အရေးအခင်းနဲ့ ပတ်သက်လို့ လည်းကောင်း၊ တရားဥပဒေ စိုးမိုးရေးနဲ့ ပတ်သက်လို့ လည်းကောင်း မြန်မာနိုင်ငံ ဒီမိုကရေစီအရေးအတွက် လှုပ်ရှား ဆောင်ရွက်ခဲ့တဲ့ လူ့အခွင့်အရေး အဖွဲ့အစည်း ၃၁ ဖွဲ့ က ဒီကနေ့ နေ့ စွဲနဲ့ ကြေညာချက် တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။

Friday, July 6, 2012

ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့ကမြန်မာအာဏာပိုင်များကရိုဟင်ဂျာများအားလည်း အစုလိုက်အပြုံလိုက် ဖမ်းဆီးထားကြောင်းပြောကြား

မြန်မာနိုင်ငံအနောက်ဘက် ရခိုင်ပြည်နယ်၌ မြန်မာအာဏာပိုင်များက ကမ္ဘာ့ကုလသမဂ္ဂဝန်ထမ်းများအပါအဝင် စုစုပေါင်း လူမှုကယ်ဆယ်ရေးဝန်ထမ်း ၁၀-ဦးကို ဖမ်းဆီးထားကြောင်းနှင့် ရိုဟင်ဂျာ မွတ်စလင်များအားလည်း အစုလိုက်အပြုံလိုက် ဖမ်းဆီးထားကြောင်း ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ United Nations က ယနေ့သောကြာနေ့တွင် အတည်ပြုသတင်း ထုတ်ပြန်လိုက်သည်။