Saturday, July 14, 2012

မြန်မာကရိုဟင်ဂျာ လူမျိုးတွေနဲ့ပတ်သက်တာကိုအာဆီယံနဲ့ပူးပေါင်းဆောင်ရွက်ကြဖို့ ကတိပြုခဲ့

အာဆီယံ အထွေထွေ အတွင်းရေးမှူး Dr. Surin Pitsuwan က  ရိုဟင်ဂျာ အရေး ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ့်နိုင်ငံခြားရေးဝန်ကြီးတွေကို ပြီးခဲ့တဲ့ရက်ပိုင်း အတွင်း တွေ့ဆုံမေးမြန်းလိုက်ပါတယ်။
နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေကလည်း အဲဒီ ရိုဟင်ဂျာ လူမျိုးတွေနဲ့ ပတ်သက်တာကို အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ ကတိပြုခဲ့ကြပါတယ်။
အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေက ဒီကိစ္စကို စောင့်ကြည့်ပြီး အစီရင်ခံတင်ပြရန် အာဆီယံ အတွင်းရေးမှူးအဖွဲ့ကို တာဝန်ပေးခဲ့ပါတယ်။
အဲဒီအတွင်းရေးမှူးအဖွဲ့ ရဲ့ လုပ်ပိုင်ခွင့်တွေကို အထွေထွေ အတွင်းရေးမှူး က ဆောင်ရွက်ပေးရတာ ဖြစ်ပါတယ်။

လက်ရှိ အထွေထွေအတွင်းရေးမှူး Dr. Surin Pitsuwan က အာဆီယံ နိုင်ငံတွေမှာ ရွေ့ပြောင်း အလုပ်သမားတွေအဖြစ် သွားရောက်နေကြတဲ့ ရိုဟင်ဂျာတွေ ကြုံတွေ့နေရတဲ့ ဒုက္ခတွေ အပေါ် အာဆီယံ ပြည်သူတွေက စိုးရိမ်နေတဲ့ အချက်ကို အလေးအနက် ထားပါတယ် လို့ပြောပါတယ်။
ဒါအပြင် Dr. Surin Pitsuwan က အဲဒီ ဘင်္ဂါလီ ရိုဟင်ဂျာတွေ ကြုံတွေ့နေကြရတဲ့ ဒုက္ခတွေကို မိမိတို့က နား၊ မျက်စိဖွင့်ပြီး စောင့်ကြည့်နေမှာ ဖြစ်တယ်လို့ ပြောသွားပါတယ်။

No comments:

Post a Comment