Friday, July 6, 2012

မြန်မာသမ္မတ ဦးသိန်းစိန်ဟာ ထိုင်းနိုင်ငံချစ်ကြည်ရေးခရီးဇူလိုင်လ ၂၂- ရက်ကနေ

မြန်မာသမ္မတ ဦးသိန်းစိန်ဟာ ထိုင်းနိုင်ငံကို လာမယ့် ဇူလိုင်လ ၂၂- ရက်ကနေ ၂၄ ရက်နေ့ထိ (၃) ရက်ကြာ ချစ်ကြည်ရေးခရီး လာရောက်မဲ့အကြောင်း ထိုင်းဒု-၀န်ကြီးချုပ်က
မြန်မာသမ္မတ ဦးသိန်းစိန်ဟာ ထိုင်းနိုင်ငံကိ
ု လာမယ့် ဇူလိုင်လ ၂၂- ရက်ကနေ ၂၄ ရက်နေ့ထိ (၃) ရက်ကြာ ချစ်ကြည်ရေးခရီး လာရောက်မဲ့အကြောင်း ထိုင်းဒု-၀န်ကြီးချုပ်က ဇူလိုင်လ ၆ ရက်နေ့က အတည်ပြု ကြေညာ လိုက်ပါတယ်။ မြန်မာသမ္မတ ဦးသိန်းစိန်ဟာ ဘန်ကောက်မြို့ကို ဇူလိုင် ၂၂ ရက်ကနေ ၂၄ ရက်နေ့အကြား အသေ အချာလာမှာဖြစ်ပြိး သူ့ ကို ကြိုဆိုဖို့ ပြင်ဆင်နေတယ်လို့် ထိုင်းဒုဝန်ကြီးချုပ်က ပြောပါတယ်။သမ္မတ ဦးသိန်းစိန်ဟာ ပြီးခဲ့တဲ့မေလကုန်က ဘန်ကောက်မှာကျင်းပတဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်ကို တက်ရောက်ဖို့ စီစဉ်ပြီးကာမှ ခရီးစဉ်ကို ပထမအကြိမ် ရွေ့ ဆိုင်းခဲ့ပါတယ်။ အဲဒီ့နောက် ဇွန်လ ၄ ရက် နေ့ သွားရောက်ဖို ထပ်မံစီစဉ်ခဲ့ပြီး ဒုတိယအကြိမ် ထပ်မံ ရွေ့ဆိုင်းခဲ့တာဖြစ်ပါတယ်။

 မြန်မာနိုင်ငံမ
ှာ လေအားလျှပ်စစ် စီးပွားရေးလုပ်ငန်းကို ချဲ့ထွင်လုပ်ကိုင်မယ်လို့ အိန္ဒိယနိုင်ငံ ချန်နိုင်းစက်မှုဇုံ အခြေစိုက် ကုမ္ပဏီတစ်ခုက စီစဉ်နေကြောင်း အိန္ဒိယနိုင်ငံက၀င်လာတဲ့ အေဂျင်စီသတင်းတွေမှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံမှာအိန္ဒိယထက်ပိုအားပြင်းတဲ့ လေတိုက်နှုန်းတွေရှိလို့ လေအားလျှပ်စစ် ဈေးကွက်အကြီးစားအဖြစ် ရှုမြင်ကြောင်း စီအိုင်အိုင် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကောင်စီရဲ့ ဥက္ကဌက ၁၁-ကြိမ်မြောက် စွမ်းအင်ညီလာခံမှာ ပြောကြားခဲ့ဖူးပါတယ်။
 
 ကုလသမဂ္ဂနဲ့ မြန်မာအစိုးရတိ
ု့ကြား ကလေးစစ်သားစုဆောင်းမှု ချက်ချင်း အဆုံးသတ်ရေးအတွက် ဇူလိုင် ၅ ရက်နေ့က သဘောတူလက်မှတ်ရေးထိုးလိုက်ပြီ ဖြစ်ပါတယ်။ ငါးနှစ်ကြာ ဆွေးနွေးညှိုနှိုင်းပြီးမှ အခုလို သဘော တူညီမှုရခဲ့တာဖြစ်ပါတယ်။ အဲဒီသဘောတူညီချက်အရ အစိုးရစစ်တပ်ထဲမှာ စစ်သားအဖြစ် စုဆောင်း ထားတဲ့ ကလေးတွေကို ပြန်လွှတ်ပေးဖို့၊ သူတို့ကို တခြားသာမန်ကလေးတွေလို တန်းတူရည်တူ ပြန်ဖြစ်အောင် လုပ်ဆောင်ဖို့နဲ့ အချိန်ဇယားတွေကိုပါ သတ်မှတ်ထားပါတယ်။ ဒါ့အပြင် နောက်ပိုင်းကာလတွေမှာလည်း ကလေးစစ်သား စုဆောင်း မှုကို တားဆီးမယ့် လုပ်ငန်းအစီအစဉ်တွေလဲ အဲဒီသဘောတူညီချက်မှာ ပါဝင်တယ်လို့ သိရပါတယ်။
 
 ဇူလိုင် ၆ ရက် သောကြာနေ့မှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်
အစည်းအဝေးမှာ မြန်မာနိုင်ငံရဲ့ စွမ်းအင်ကဏ္ဍကို ပိုမိုထိရောက်တဲ့ စီမံမှုတွေလုပ်ဆောင်ပေးဖို့ ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်း အဆိုကို တင်သွင်းဆွေးနွေး နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဥပဒေကြမ်းအနေနဲ့ကတော့ ၂၀၁၂ ခုနှစ် မြန်မာစာအဖွဲ့ ဥပဒေကြမ်း၊ ၂၀၁၂ ခုနှစ် အခြေခံပညာရေးဥပဒေကြမ်းနဲ့ ၂၀၁၂ ခုနှစ် စာစစ်အဖွဲ့ဥပဒေကြမ်းတွေကို ဆွေးနွေးနေတယ်လို့ သိရပါတယ်။ မေးခွန်းမေးမြန်းတဲ့ကဏ္ဍမှာတော့ အစိုးရနဲ့ပုဂ္ဂလိကဘဏ်တွေက စိုက်ပျိုးစားရိတ် ချေးငွေထုတ်ချေးတာနဲ့ပတ်သက်တဲ့ မေးခွန်း၊ အခွန်ထမ်းဆောင်မှုအခြေအနေတွေကို ပြည်သူကိုအသိပေးဖို့ အစီအစဉ်ရှိမရှိ စတဲ့မေးခွန်းတွေကို မေးမြန်း ဆွေးနွေးနေကြောင်း လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။
 
 ထိုင်းမြန်မာနယ
်စပ် တနင်္သာရီတိုင်းမှာ တရားမ၀င် ၀င်ရောက်နေထိုင်တဲ့ ရာနဲ့ချီတဲ့ ထိုင်းလူမျိုးတွေကို မြန်မာ စစ်တပ်က ဇူလိုင်လ ၅ ရက်နေ့က ဖမ်းဆီးခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းစာမှာ ဖော်ပြထားပါတယ်။ ထိုင်းနိုင်ငံ ရနောင်းခရိုင်နဲ့ ကပ်လျက်ရှိတဲ့ မြန်မာနိုင်ငံဘက်ခြမ်းမှာ အခြေချပြိး ရာဘာစိုက်ပျိုးရေးလုပ်ကိုင်နေတဲ့ ထိုင်းရွာ သားတွေကို ဖမ်းဆီးခဲ့တာဖြစ်ကြောင်း နယ်မြေခံ ထိုင်းစစ်တပ်အရာရှိကို ကိုးကားပြီး ဘန်ကောက်ပို့စ်သတင်းမှာ ရေးထားပါတယ်။ အဖမ်းခံရတဲ့အရေအတွက် အတိအကျမသိရသေးပေမဲ့ အယောက် ၅၀၀ ကနေ ၈၀၀ ကြားအထိ ရှိတယ်လို့ ထိုင်းစစ်တပ်အရာရှိက ခန့်မှန်းပြောဆိုကြောင်း ဘန်ကောက်ပို့စ်သတင်းမှာ ဖေါ်ပြထားပါတယ်။
 
 

No comments:

Post a Comment