Friday, July 13, 2012

UNHCR က ဒုက္ခသည်တွေကို ပြန်လည်နေရာချထားရာမှာ နှိမ့်ချခွဲခြားမှု

မြန်မာ အစိုးရ သမ္မတ ဦးသိန်းစိန် သည် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ရုံး မှ Mr. Antonio Guterres ဦးဆောင် သော အဖွဲ့  ၀င် များ အား လက်ခံ တွေ ဆုံ စဉ် ”  ရိုဟင်ဂျာ များ သည်ဘင်္ဂါ လီဘင်္ဂလား ဒေရှ်မှ့ ခိုးဝင်လာ သည့် သူများ ဖြစ်သော ကြောင့် လက်ခံ ရန် လုံးဝ မဖြစ် နိုင် ကြောင်း ပြော ကြား ခဲ့ သည်။
 မေလ နှောင်း ပိုင်း နှင့် ဇွန် လအတွင်း က ရခိုင် ပြည်နယ် တွင်   ဖြစ် ပွား ခဲ့ သည့်မငြိမ် သက်မှု
များ ဖြစ်ပွား ပြီးနောက် လူဝင်မှု ကြီး ကြပ် ရေး ၀န်ကြီး ဦးခင်ရီ အပါ အ၀င်  အစိုးရ အရာ ရှိ အချို့ 
က  ရိုဟင်ဂျာ များ ကို လက်ခံ မည် ဟု တရား ၀င် သတင်း ထွက် ပေါ် ခဲ့ သည်။

နိုင်ငံ တော် သမ္မတ ရုံး  အင်တာ နက် စာမျက် နှာ ၏ ကြေငြာချက် တွင် ” နောက် ဆုံး ဖြေရှင်းသည့်
နည်း လမ်းမှာ UNHCR သို့  အပ် နှံ ပြီး ဒုက္ခသည် အဖြစ် ဒုက္ခသည် စခန်း တွင် ထား ရှိ ရန် မှာ ဖြစ်
နိုင် ကြောင်း  လက္ခံ မည့်  တတိယ နိုင်ငံ ရှိ လည်း ပို့  ပေး မည် ” ဟု ဖော်ပြထား သည်။

ရခိုင် ပြည် နယ် မြောက် ပိုင်း တွင် အစု လိုက် အပြုံ လိုက် ခိုးဝင်လာသည့်  ရိုဟင် ဂျာ များ
ကြောင့် ဒေသ တည် ငြိမ် မှု ကို ခြိမ်း ခြောက် လျှက် ရှိသည် ဟု ရခိုင် ဒေသခံ များ က ကန့် ကွက်
မှု များ ပြင်းထန် လာ ပြီး နောက် သမ္မတ ဦးသိန်းစိန် က တရားဝင် လက်မခံ နိုင် ကြောင်း ထုတ်
ဖော် ပြောကြား ခဲ့ ခြင်း ဖြစ်သည်။

ဘင်္ဂလား ဒေရှ့်  နိုင်ငံ မှ ကူးဝင်လာသည့် ရိုဟင်ဂျာ များ ကို မြန်မာ အစိုးရ အဆက် ဆက် က တစ်
နည်း တစ်ဖုံ လက္ခံ ခဲ့ ပြီး ၂၀၁၀ ရွေးကောက် ပွဲ တွက် လက်ရှိ အာဏာရ ကြံ့ခိုင်ရေး ပါတီ က မဲရရှိ
နိုင်ရေး အတွက် ရိုဟင်ဂျာ အချို့  ကို နိုင်ငံ သား အဖြစ် အသိ အမှတ် ပြု ခဲ့ သည်။

သမ္မတ က  ရိုဟင်ဂျာ များ ကို လက်မခံ နိုင် ဟု ပြောထား သော် လည်း တပ်မတော် သား
ကိုယ်စား လှယ် များ ၏ ထောက်ခံ အဆို ပြု ထားသည့် ဒုတိယ သမ္မတ လောင်း တစ်ဦး ဖြစ် သူ ရန်
ကုန် တိုင်း ၀န်ကြီး ချုပ် ဦး မြင့် ဆွေ မှာ ရန်ကုန် မှ ကြေးရတတ်ရိုဟင်ဂျာ များ နှင့် ရင်း ရင်း
နှီး နှီး ရှိ သည် ဟု နီးစပ် သူ များ က ပြော ဆို ကြသည်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ရုံး မှ Mr. Antonio Guterres  က ယနေ့  ညနေ
ရန်ကုန် မြို့  ဆီဒီုနား ဟိုတယ် တွင် ကျင်းပသည့် သတင်းစာ ရှင်းလင်း ပွဲ ဉ် ” အနာဂတ် တွင် ရခိုင် တိုင်း
ရင်းသား များ စိတ်ဝမ်း ကွဲ ပြား မှု မရှိ ပဲ ပြန်လည် ရင်ကြား စေ့ရန် မျှော် လင့် ကြောင်း ” BNG
၏ မေးမြန်မှု ကို ဖြေကြား ခဲ့ သည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများအပြီးတွင် ရခိုင်လူမျိုးများနှင့် ရိုဟင်ဂျာများအကြား အနာဂတ်တွင် ပြန်လည်ရင်ကြားစေ့နိုင်ရန် မျှော်မှန်းကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr. Antonio Guterres က ဇူလိုင်လ ၁၂ ရက်နေ့တွင် ဆီဒိုးနားဟိုတယ်၌ သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ်တွင် ပြောကြားသွားခဲ့သည်။
ကုလသမဂ္ဂ UN အဖွဲ့အစည်းများ၏ အကူအညီပေးမှုကို ရခိုင်များက သံသယရှိမှုကြောင့် အကူအညီများ လက်မခံဟု သတင်းများထွက်ပေါ်နေမှုနှင့် ပတ်သတ်၍ BNG ၏ မေးမြန်းချက်ကို "နှစ်ဘက်စလုံး စိတ်အေးအေးထားပြီး စစ်မှန်တဲ့ ပြန်လည်ရင်ကြားစေ့ရေး ပြုလုပ်နိုင်စေဖို့ မျှော်လင့်မိပါတယ်" ဟု ၄င်းက ဖြေကြားခဲ့သည်။
မြန်မာနိုင်ငံတော် သမ္မတ ဦးသိန်းစိန်က တိုင်းရင်းသားမဟုတ်ပဲ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို လက်ခံရန် မဖြစ်နိုင်ကြောင်းနှင့် ၄င်းတို့နှင့် ပတ်သက်ပြီး ဖြေရှင်းနည်းမှာ UNHCR သို့ အပ်နှံပြီး ဒုက္ခသည်အဖြစ် ထားရှိရန်ဖြစ်ကြောင်း၊ UNHCR က လက်ခံကျွေးမွေး စောင့်ရှောက်ရန်ဖြစ်ကြောင်း၊ တတိယနိုင်ငံက လက်ခံလျှင် ပို့ပေးမည်ဖြစ်ကြောင်း ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို ပြောကြားသွားခဲ့သည်။
"UNHCR က ဒုက္ခသည်တွေကို ပြန်လည်နေရာချထားရာမှာ နှိမ့်ချခွဲခြားမှုမရှိပဲ လူမှုအသိုင်းအ၀ိုင်း နှစ်ခုစလုံးကို လူသားချင်း စာနာထောက်ထားသော အကူအညီများ ပေးအပ်သွားမှာ ဖြစ်ပါတယ်" ဟု Mr. Antonio Guterres က ပြောကြားခဲ့သည်။
၎င်းက ပဋိပက္ခဖြစ်ပွားခဲ့သော လူမျိုးနှစ်မျိုးအကြား UNHCR က ခွဲခြားမှုမရှိဘဲ ကူညီပေးသွားမည်ဖြစ်ပြီး ဤကြိုးပမ်းမှုကြောင့် လူမျိုးနှစ်မျိုးအကြား ပြန်လည်ရင်ကြားစေ့ရေးကို အထောက်အကူ ဖြစ်စေမည်ဟု ယူဆကြောင်း၊ နှစ်ဦးနှစ်ဘက် တရားဥပဒေကို လိုက်နာပြီး သင့်မြတ်စွာ အတူတကွ ပူးတွဲနေထိုင်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း စာနယ်ဇင်းရှင်းလင်းပွဲ၏ အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသွားခဲ့သည်။
၎င်းက UN အဖွဲ့အစည်းများ၏ အပြုအမူမှာ မျှတမှုမရှိဟု ဒေသခံများက ဝေဖန်နေမှုနှင့် ပတ်သက်၍ သတင်းထောက်တစ်ဦး၏ မေးမြန်းချက်ကို "ဒီလို အခြေအနေကို နားလည်နိုင်ပါတယ်။ ကျွန်တော်တို့ ရခိုင်ပြည်နယ် မြောက်ပိုင်းကိုလည်း သွားရောက်ခဲ့ပါတယ်။ လက်ရှိမှာ နှစ်ဘက်စလုံးမှာ ပဋိပက္ခရဲ့ဒဏ်ကို ခံရသူတွေရှိနေချိန်မှာ ကျွန်တော်တို့ရဲ့ အကူအညီက နှစ်ဘက်စလုံးကို မခွဲခြားပဲ ညီညီမျှမျှ ရောက်ရှိတယ်ဆိုတာ သေချာအောင် လုပ်ချင်ပါတယ်" ဟု ဖြေကြားသွားခဲ့သည်။
လက်ရှိအချိန်တွင် ရခိုင်အရေးကိစ္စနှင့် ပတ်သတ်၍ UNHCR မှ ၀န်ထမ်း ၃ ဦး၊ WFP မှ ၀န်ထမ်း ၂ ဦးနှင့် အခြားလုပ်ဖော်ကိုင်ဖက် အန်ဂျီအိုများမှ ဝန်ထမ်းအချို့၊ စုစုပေါင်း ၁၀ ဦးခန့်ကို အစိုးရမှ ထိန်းသိမ်းထားသည်ဟု UNHCR မှ မြန်မာပြည် ဌာနေကိုယ်စားလှယ်က ပြောကြားခဲ့သည်။
"တရားဥပဒေရဲ့ အထက်မှာ ဘယ်သူမှမရှိရဘူးဆိုတဲ့ အဆိုကို ကျွန်တော်နားလည်ပါတယ်။ UN ၀န်ထမ်းတွေအနေနဲ့လည်း တရားဥပဒေအတိုင်း လိုက်နာကျင့်သုံးရမယ် ဆိုတာလည်း နားလည်ထားပါတယ်။ ထိန်းသိမ်းခံထားရတဲ့ သူတွေကိုလည်း တွေ့ဖို့ခွင့်တောင်းထားတာ ရှိပါတယ်" ဟု Mr. Antonio Guterres ကပြောသည်။
၎င်းသည် ရိုဟင်ဂျာများကို ကုလသမဂ္ဂက မြန်မာလူမျိုးအဖြစ် သတ်မှတ်ထားခြင်းရှိ၊ မရှိ တက်ရောက်လာသော သတင်းထောက်တစ်ဦး၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပေ။
မြန်မာ အစိုးရ က ကုလ သမဂ္ဂဒုက္ခသည် များ ဆိုင်ရာ မဟာ မင်းကြီး ရုံး မှ ၀န်ထမ်း ၃ ဦး အပါအ၀င်
NGO ၀န်ထမ်း ၁၀ ဦး ကို ရခိုင် ပြည် နယ် မငြိမ် မသက် မှု များ တွင် သွေး ထိုး လှုံ ဆော် မှု ဖြင့် ဖမ်း
ဆီးထား သည်။

No comments:

Post a Comment