Friday, July 6, 2012

USA က ရခိုင်ပြည်နယ်မှာ ကူညီထောက်ပံ့ငွေ အမေရိကန် ၃ သန်း ဒီကနေ့ ပေးအပ်

အမေရိကန် ပြည်ထောင်စုကနေ မြန်မာနိုင်ငံကို လူသားချင်း စာနာတဲ့ ကူညီထောက်ပံ့ငွေ အမေရိကန် ၃ သန်း ဒီကနေ့ ပေးအပ်လိုက်ပါတယ်။
 ဒီ ကူညီထောက်ပံ့ငွေ
ကို USAID အဖွဲ့က တဆင့် ပေးအပ်သွားမှာ ဖြစ်တဲ့
အကြောင်းနဲ့ ဒီငွေတွေဟာ ပြည်တွင်းစစ်နဲ့ သဘာဝ ဘေးအန္တရာယ်
တွေကြောင့် ဒုက္ခ ရောက်နေသူတွေ အတွက် ထောက်ပံ့ကူညီတာ
ဖြစ်ကြောင်း ရန်ကုန် အခြေစိုက် အမေရိကန် သံရုံးတာဝန်ခံ Micheal Thurston က ပြောပါတယ်။
ရန်ကုန်မြို့ အင်ယားလိပ် ဟိုတယ်မှာ ကျင်းပတဲ့ ဒီ အလှူငွေ ပေးအပ်ပွဲ အခမ်းအနားကို မြန်မာနိုင်ငံ အခြေစိုက် UNDP ရုံး ဌာနေကိုယ်စားလှယ
် Ashok Nigam ၊ ကုလသမဂ္ဂ ရန်ကုန်ရုံး ဒါရိုက်တာ Barbara Manzi, သီတဂူ နိုင်ငံတကာ ဗုဒ္ဓ တက္ကသိုလ်က ဆရာတော် ဦးပညာသီဟနဲ့ ဦးဟန်တို့ တက်ရောက်ခဲ့ပါတယ်။

အမေရိကန်အစိုးရဟာ ရခိုင်နဲ့ ကချင် ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခ
တွေကြောင့် ဒုက္ခ ရောက်နေသူတွေကိုလည်း ဒေါ်လာ ၁သန်းကို ပြီးခဲ့တဲ့
အပတ်က လှူဒါန်းခဲ့ပါသေးတယ်။

No comments:

Post a Comment